……………………………………………………………………………………….
လျှပ်စစ်နှင့်သက်ဆိုင်သော Power နှင့် ၄င်း၏ component များ အခြေခံ
………………………………………………………………………………………..
RL load တွေအတွက်သာဖြစ်ပါတယ်
နည်း (၁) system wave ကို sine wave လို့ယူလျှင်
w = 2πf
f = system frequency
instantaneous voltage
v(t) = Vm sin(wt)
instantaneous current
i(t) = Im sin(wt – θ)
instantaneous power
p(t) = v(t) i(t)
ဆက်တွက်ပါ…
= VI cosθ (1-cos(2wt)) + [- VI sin θ sin(2wt)]
Power Component 1 = VI cosθ (1-cos(2wt))
Power Component 2 = - VI sin θ sin(2wt)
နည်း (၂) system wave ကို cosine wave လို့ယူလျှင်
w = 2πf
f = system frequency
v(t) = Vm cos(wt)
i(t) = Im cos(wt – θ)
p(t) = v(t) i(t)
ဆက်တွက်ပါ…
= VI cosθ (1+cos(2wt)) + VI sin θ sin(2wt)
Power Component 1 = VI cosθ (1+cos(2wt))
Power Component 2 = VI sin θ sin(2wt)
Matlab Code to Test:
clc;clear;
f=50;
w = 2*pi*f;
T = 1/f;
t = 0: T/1000:2*T;
P1 = 1-cos(2*w*t);
P2 = -sin(2*w*t);
plot(t,P1,'b','LineWidth',2); hold on;
v = sin(w*t);
plot(t,v,'m');
plot(t,P2,'r','LineWidth',2);grid on;hold off
xlabel('wt')
ylabel('p(t)')
-----------------------------------
component 1 = voltage wave နဲ့ တစ်ထပ်တည်းကျရောက်နေ
component 2 = voltage wave ကို ၉၀ ဒီဂရီ နောက်ကျနေ
Component 1[အပြာရောင်] ဟာ လျှပ်စစ်စွမ်းအင်ကနေ အခြားစွမ်းအင် တစ်ခုခုကို လုံးဝ ကူးပြောင်းသွားတယ် ဆိုတဲ့သဘော သက်ရောက်နေပါတယ်..။ Active Power လို့ခေါ်ပါတယ်..။
component 1 မှာ DC component ကိုပဲတွေ့ရှိရပြီး ၄င်းရဲ့ average တန်ဘိုးက
P = VI cos θ [ Watt]
အလားတူ component 2[အနီရောင်] ရဲ့ average တန်ဘိုးက သုံည ဖြစ်နေပါတယ်..။ ဒီ component ရဲ့ အဓိပ္ပါယ်က power ဟာ source ဘက်ကနေ load ဘက်ကို ကူးပြောင်းလာပြီးနောက် load ကနေ source ဘက်ကို ပြန်သွားတယ်ဆိုတယ်ဆိုတာပါ..။ လျှပ်စစ်စွမ်းအင်ကနေ အခြားစွမ်းအင် တစ်ခုခုကို မကူးပြောင်းသွားပါ..။ Load နဲ့ source ကြား အပြန်အလှန် သွားလာနေတဲ့ power အမျိုးအစားဖြစ်ပြီး reactive power (Q) လို့ ခေါ်ပါတယ်..။ Inductor ဆိုရင် စွမ်းအင်ကို magnetic field အသွင်နဲ့ ၊ Capacitor ဆိုရင် electric field အသွင်နဲ့ သိုလှောင်ထားလိုက် circuit ထဲ ပြန်ထုတ်ပေးလိုက် ပြုလုပ်နေတဲ့ အခြေအနေပါ..။
Q = VI sinθ [Var] [volt ampere reactive]
Load ကိုရောက်ရှိလာတဲ့ voltage နဲ့ current ကို မြှောက်ရင် apparent power[S] ကို ရပါတယ်..။ apparent power ဟာ voltage နဲ့ current ကြားက phase angle ကို ထည့်မစဉ်းစားတဲ့ အခြေအနေမှာ Load ကို ထောက်ပံ့ပေးရတဲ့ Power အမျိုးအစားဖြစ်ပါတယ်..။
S = VI [Volt- Ampere]
Complex form နဲ့ ရေးသားပါက
S = P + j Q
Power factor ဆိုတာက load ကို ရောက်ရှိလာတဲ့ voltage နဲ့ current ကြားက ခြားနားချက်ထောင့်ရဲ့ cosine တန်ဘိုးဖြစ်ပါတယ်..။ Power မှာတော့ P နဲ့ S ကြားက ခြားနားထောင့်ရဲ့ cosine တန်ဘိုးဖြစ်နေပါတယ်..။
မှတ်ချက်။ ။ နည်း(၁) နဲ့ နည်း(၂) ကနေ တွက်လို့ ရရှိလာတဲ့ အဖြေတွေရဲ့ result က အတူတူပဲ ဖြစ်ပါတယ်..။ Pure R ဆိုပါက component 2 က Zero ဖြစ်ဖြစ်ပြီး Pure L ဆိုပါက component 1 က Zero ဖြစ်သွားမည်..။ စာဖတ်သူအနေနဲ့ RC Load အတွက် သို့မဟုတ် Capacitive Load အတွက် ဒီအတိုင်း ဆက်ပြီးတွက်ချက်သွားနိုင်ပါတယ်..။
Source: Stephen J. Chapman, Electric Machinery Fundamental
ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ ဝေဖန်အကြံပေးမှုတွေကိုလည်း ကြိုဆိုပါတယ်ခင်ဗျား..။
No comments:
Post a Comment