မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Sunday, September 4, 2016

ဆောင်းရဲ့နိဂုဏ်း

........ဆောင်းရဲ့နိဂုဏ်း......

ဆောင်းသဇင် ဆိုသောမိန်းခလေးမှာ နာမည်လေးလှသလို ရုပ်ရည်လည်း လှပချောမောသူဖြစ်သည်။ မောင်နှမ သုံးယောက်ရှိပြီး အကြီးဆုံးသမီးလေးဖြစ်သည်။ မိဘများမှာ နယ်မှ လက်လုပ်လက်စားသမားများဆိုပေမယ့် ဆောင်းသဇင်တစ်ယောက် ဘွဲ့လက်မှတ်ကိုင်နိုင်အောင်တော့ ပညာအမွေပေးခဲ့သည်။ ဆောင်း ဟာ ဘွဲ့ရပြီးတာနဲ့ အဆင်မပြေတဲ့မိဘများရဲ့စားဝတ်နေရေး တက်စွမ်းသမျှဖြည့်ဆည်းပေးဖို့ မြို့တက်လာခဲ့တော့တယ်။ အိမ်က ပါလာတဲ့ငွေကြေးအချို့နဲ့ အခန်းလေးငှါးပြီး နေထိုင်ခဲ့တယ်။ နောက်တစ်နေ့မှာပဲ ရန်ကုန်မြို့ကြီးရဲ့ ရှုပ်ထွေးလှတဲ့ လမ်းကွန်ယက် တွေကြားမှာ bus ကားစီးရင်း အလုပ်ရှာဖို့ထွက်ခဲ့တယ်။ အဆက်အစပ်မရှိသူဖို့ အလုပ်တစ်ခုရရန်မလွယ်။ သို့ပေမယ့် ကံအားလျှော်စွာနဲ့ `ဆောင်းသဇင်´ အလုပ်တစ်ရက်ထဲမှာပဲရခဲ့တယ်။ သာမာန် အဝေးသင်ဘွဲ့လေးနဲ့ သူရလိုက်တဲ့အလုပ်က မဆိုးလှပါ။ market တစ်ခုမှာ သက်သက်သာသာနဲ့ပဲ အလုပ်လုပ်ခဲ့တော့တယ်။ လစာတော့သိပ်မကောင်း တစ်သိန်းကျော်ကျော်ပဲရတာမို့သိပ်တော့အဆင်မပြေ။ တစ်လတစ်လ ရတာက အဆောင်ခနဲ့ စားစရိတ် အပြင်သိပ်မပို့ပေ။ ဒါကြောင့် တက်နိုင်သမျှ အလုပ်ပြောင်းဖို့ တွေးမိတယ်။ ပိုအဆင်ပြေမယ့်ဆီပေါ့။ အိမ်က ညီမလေးနှစ်ယောက်ရဲ့ ကျောင်းစာရိတ်လေးတော့ သူထောက်ပံ့ပေးချင်တာအမှန်ပါ။ မဖြစ်နိုင်သေးတော့ ကြိတ်မှိတ်ပြီးနေနေရချာတယ်။.

ဒီလိုနဲ့တစ်နေ့တော့ `ဆောင်း´ လမ်းလျှောက်လာတုန်း ကောင်လေးတစ်ယောက် သူဆီခပ်သွက်သွက်နဲ့လိုက်လာတယ်။.မှီတယ်ဆိုရင်ပဲ
´ညီမ အလုပ်သွားမလို့လား´
`ဆောင်း´ တစ်ချက်လှည့်ကြည့်ပြီး မျက်နှာတည်တည်နဲ့ပဲ
`အကိုက ဘယ်သူလဲ၊ သိလို့လား´
`သိတာပေါ့ ၊ အကိုက ညီမ နေတဲ့ တိုက်နဲ့ ကပ်ရပ်ကပဲလေ။´
`ဪ.... ဟုတ်၊ ညီမက မသိဘူးလေ´
`ဒါက အလုပ်ထဲလား´
`ဟုတ်.. ´
`ဘယ်မှာလုပ်နေတာလဲ ....အဆင်ပြေရဲ့လား´
`သိပ်တော့မပြေဘူးလေ၊ ဒါပေမယ့် လုပ်နေရတာပဲလေ´
`ဪ...ဟုတ်ပါပြီ၊ ဒါနဲ့အကူအညီလိုရင်ပြောပေါ့၊ တိုက်ခန်းကပ်နေတာပဲ´
`ဟုတ်ကဲ့ ..ကျေးဇူးပါ´
ဆောင်းသဇင်နဲ့ စကားလာပြောသူမှာ ရန်နိုင်ဖြစ်ပါ။ ရန်နိုင်က အသက် ၂၆ ဝန်းကျင်ရုပ်ရည် ခန့်ညားသူဖြစ်သည်။ ဒီလိုနဲ့ ကိုရန်နိုင်နဲ့ မဆောင်းသဇင် ခင်မင်မှုရှိလာခဲ့သည်။ တစ်နေ့ ရုံးပိတ်ရက် ဘုရားသွားဖို့ ရန်နိုင် က ဆောင်း ကိုဖိတ်ခေါ်လိုက်သည်။ ဆောင်းလည်း တစ်ယောက်တည်းပျဉ်းနေတာမို့ လက်ခံလိုက်တယ်။
`ဟာ...လှနေပါလား ဆောင်း´
`ကိုရန်နိုင်ကလည်း အဲ့လောက်လည်းဟုတ်ပါဘူး´
`ကဲပါ ..လာလာသွားကြရအောင်´
`ဟုတ်´
ဒီလိုနဲ့ ရွှေတီဂုံ ဘုရားတစ်ပတ်လှည့် ဖူးမျှော်ရင်း စကားလေးတွေပြောဖြစ်ကြသည်။ အဲ့နောက် ပြည့်သူရင်ပြင်ထဲ လမ်းလျှောက်ရင်း ရောက်ခဲ့တော့သည်။

`ဆောင်း´
`ရှင်´
`ဆောင်း မိဘတွေဆီ ပိုက်ဆံရောပို့နိုင်ရဲ့လား´
`မပို့နိုင်သေးပါဘူး အကိုရာ...´
`ဟုတ်လား အလုပ်ပြောင်းပါလား....အဆင်ပြေမယ့်ဆီပေါ့´
`ပြောင်းဖို့လည်း မတွေ့သေးဘူး..ဟီးဟီး.. .....ဒါနဲ့ကိုရန်နိုင်ကရော...´
`အကိုကတော့မဆိုးပါဘူး...အလုပ်ပြောင်းဖို့တော့ရှိတယ်။ မြစ်ကြီးနား ကိုသွားရမှာ၊ အခုတော့မဟုတ်သေးပါဘူး´
`ဟုတ်လား ....အလုပ်အဆင်ပြေရင် ညီမကို မေ့မသွားနဲ့ဦိးနော်´
`မမေ့ပါဘူးဗျာ .....အဆင်ပြောလို့ကတော့တစ်ခါတည်းခေါ်လိုက်မယ်´
`ဟင်´
`အလုပ်ပြောတာပါ´
`တောသေးတာပေါ့´
`ဟယ်ဟယ် ........နောက်တာပါကွာ´

ဒီလိုနဲ့တော်တော်လေးရင်းနှီခဲ့ကြသည်။ မကြာပါ နှစ်လလောက်ကြတော့ ကိုရန်နိုင် ဆောင်းသဇင်ကို လူငယ်သဘာဝ ချစ်ခွင့်တောင်းတော့သည်။ ရင်နှီးပြီးသားသူတွေမို့ ယုံကြည်စွာနဲ့ပဲ ဆောင်းသဇင် လက်ခံပေးခဲ့တယ်။ ရန်ကုန်မြို့ကြီး ရောက်ပြီး (၅) လလောက် အကြာမှာတော့ ဆောင်းသဇင် ချစ်သူနဲ့ ဖြစ်နေပြီပေါ့လေ။ အိမ်က မိဘ နဲ့ ညီမလေးတွေ ကိုလည်း ထောက်ပံ့ဖို့ကြိုးစားရှာဖွေစုဆောင်းခဲ့ပါတယ်။ ဒါကြောင့် သူဟာ သူချစ်သူနဲ့တွေ့တိုင်း ပိုက်ဆံ များများရမယ့် အလုပ်ရှာခိုင်းတယ်။.
တစ်နေ့တော့ ကိုရန်နိုင် က ဆောင်းသဇင်ရဲ့အယုံကြည်ရဆုံးနဲ့ အားအထားရဆုံးသူဖြစ်ခဲ့တယ်။ နောက်ဆုံး သူ့ဘဝကိုပါ ပုံအပ်ခဲ့တယ်။ ကိုရန်နိုင်ဟာ တည်ကြည်ပြီး ခန့်ညာတယ်။ဆောင်း အတွက်တော့ အိမ်ဦးနတ် တစ်ဆူပဲ။ သိပ်မကြာခင်ပဲ ကိုရန်နိုင် သူ့ဦးလေး ပိုင်အလုပ်ဖြစ်တဲ့ အလုပ်ကိုရွှေ့မယ်ပြောတယ်။.ဆောင်းကိုလည်း အဲ့မှာပဲ အလုပ်လုပ်ဖို့ ခေါ်ခဲ့တယ်။ မြစ်ကြီးနား ဆိုတဲ့မြို့မှာပေါ့......
ဒါကြောင့် ဆောင်း လည်း သူ့မိဘတွေဆီဖုန်းဆက်ပြီ မြစ်ကြီးနား ပြောင်းမယ့်အကြောင်းပြောတယ်။ သူငယ်ချင်းတစ်ယောက် အလုပ်ဆက်ပေးလို့ပေါ့။ မိဘတွေ လည်း ဖုန်းလေးနဲ့သာ မှာကြားခွင့်ရတယ်။ မပြည့်ဆုံသူမို့ သမီးတစ်ယောက်တည်း.စိတ်မချသော်လည်း မတက်နိုင်ခဲ့။
၂၃.၈၂၀၁၅ နေ့လေးပေါ့။ မှတ်မှတ်ရရ မြစ်ကြီးနား မြေကို ဆောင်းသဇင် တစ်ယောက် ပထမဆုံး ခြေစချဖူးတာပါ။ ဘာပဲဖြစ်ဖြစ်  ချစ်သူ လက်ကိုတွဲပြီး အရာရာ ရင်ဆိုင်မယ့် သတ္တိကအပြည့်နဲ့ပါ။ မရောက်ဘူးတဲ့မြို့မို့ မရောင်မလည်နဲ့ပေါ့ ။ကိုရန်နိုင်လက်ကိုစွဲပြီ လိုက်ခဲ့တယ်။
`ကဲရောက်ပြီ ချစ်ရေ´
`ဟုတ်လားအကို´
ကြည့်လိုက်တော့ ခန့်ခန့်ညာညား နှစ်ထပ်တိုက်တစ်လုံး။ လူသူလည်း မတွေ့ တိတ်ဆိတ်နေသည်။ဒီလို့နဲ့ ကိုရန်နိုင်ကပဲ ရှေ့ကဝင်သွားသည်။
`လာလေ ညီမ....လာပါကွာ အချစ်ဆုံးရာ....´
`ဟုတ်....အကို..အိမ်ကလူမရှိဘူးလား´
`ဘယ်သူမှမရှိဘူး အကိုတို့ နှစ်ယောက်ပဲနေရမယ့်အိမ်´
`ဟင်....ဘယ်လိုကြီးလဲ..အကို့အိမ်လား´
`မဟုတ်ဘူး ...ဦးလေးအိမ်ပါ...ဦးလေးက ဒီအိမ်ကို အကြွေးသိမ်းထားတာ၊ သူတို့ကတော့ အရင်အိမ်မှာပဲနေတာ´
`ဪ.....´
`အဲ့တော့ အကိုတို့က ဒီမှာနေရမှာ....အိမ်စောင့်ရင်း အလုပ်လုပ်ပေါ့´
`ဟုတ်လား....ကောင်းတာပေါ့...´
ဒီလိုနဲ့ တစ်ညတာကုန်လွန်ခဲ့ပြီ.........
ထို့နောက်.....
မနက်မိုးလင်းတော့.......
`အကို....အကို...အကိုရေ....
ဟင်း....ဘယ်သူမှလည်းမရှိပါလား....´
`ရှိပါတယ်အေ....ရှိပါ့´
အမျိုးသမီးကြီး တစ်ဦးရဲ့ ခပ်မာမာအသံကြားလိုက်ရသည်နှင့် `ဆောင်း´ လန့်သွားသည်။ အိပ်ယာထဲကထကာ အခန်းတံခါးဖွင့်ကြည့်လိုက်တော့
`ဟင်...........´

မိန်မကြီးတစ်ယောက်နှင့် အမျိုးသား သုံးယောက်ထိုင်နေကြသည်။ မိန်းမကြီးကပဲ
`နိုးပြီလား၊ ရေချိုး၊ပြီးရင်းမနက်စာလာစား´
`ဟုတ်....ဒါနဲ့.....ဟို ....ကိုရန်နိုင်ကရော......´
`ရန်ကုန်ပြန်ပြီလေ..´
`ရှင်.......´
ဆောင်းသဇင်လန့်ုဖြန့်သွားသည်။ နားမလည်တော့ ဘာတွေလဲ စဉ်းစားမရ´
`ဒီမှာ ကလေးမ ညည်း ကို ရန်နိုင်က ငါတို့ဆီလာရောင်းသွားတာ၊ ညည်း ကို ငါတို့ဝယ်ထားလိုက်ပြီ´
`အမ်း.......ဘုရား..ဘုရား.....´
ဆောင်း ဟာ ညနက်နက် သရဲခြောက် ခံလိုက်ရသလို လိပ်ပြာလွင့်မတက်ဖြစ်သွားသည်။ ဒါပေမယ့် သူ့ဘဝကတော့ ဆုံးချာပြီ။ လူတစ်ယောက်ကိုလွယ်ကူစွာ ယုံကြည်မိတဲ့အမှား ဟာသူ့ဘဝ ပြန်ဆယ်မရအောင်ဆုံးရာပြီ။

ဒီလိုမသမာသူတွေလောကမှာ မရေတွက်နိုင်အောင်ပေါနေပါတယ်။ အထူးသဖြင့်မိန်းခလေးများ အယုံမလွယ်ပါနဲ့။ ချစ်သူဆိုပြီးလည်မယုံနဲ့ ။ အိမ်နီးချင်လည်မယုံနဲ့လို့ပြောချင်ပါတယ်။
ကျနော်ပြောချင်တာကတော့

#လူသားအချင်ချင်းစာနာလို့ လူကုန်ကူးမှုတိုက်ဖျက်ကြပါစို့
#လူသားအချင်ချင်းစာနာလို့ လူကုန်ကူးမှုတိုက်ဖျက်ကြပါစို့
#လူသားအချင်ချင်းစာနာလို့ လူကုန်ကူးမှုတိုက်ဖျက်ကြပါစို့

                 ထက်ကောင်းကင်
                 (နည်းပညာ)

1 comment:

  1. Harrah's Philadelphia Casino & Racetrack - Mapyro
    Harrah's 대전광역 출장샵 Philadelphia Casino & Racetrack. 1685 Harrah's Blvd S 동두천 출장마사지 Philadelphia, PA 1xbet korean 19013. East of Harrah's 과천 출장안마 Blvd, Chester, PA 18013. 군포 출장샵 Directions.

    ReplyDelete