သုံးလွန်းတင်တဲ့ကြိုး
မနက်စောစော ကျောင်းမတက်ခင်အချိန်အနည်ငယ် အလိုမှာ အခန်းရှေ့မှာတစ်ယောက်တည်း ထိုင်နေသော ကျောင်းသားတစ်ယောက်အား ကောင်းဆက်နိုင် တစ်ယောက်ပြုံးပြကာနှုတ်ဆက်လိုက်သည်။ ``ဘယ်သူ့ကို စောင့်နေတာလဲကွ ၊တစ်ယောက်တည်းလား"။
"အေ ဟုတ်တယ် တစ်ယောက်တည်းပဲ အခန်းထဲမဝင်ချင်သေးလို့:"
ထိုအခါ ကောင်းဆက်နိုင် ကပဲ စ၍ မိတ်ဆက်လိုက်လေသည်။ ကျနော့ နာမည် ကောင်းဆက်နိုင်ပါ ။ အကို့နာမည်ကရော။
``ကျနော့နာမည် ဆန်းသူရိန် ပါ။"အကိုက ဒီအခန်းထဲကပဲလား"
"ဟုတ်တယ်လေဗျာ မမြင်ဖူးဘူးလား" ဟု ကောင်းဆက်နိုင်ပြန်ဖြေလိုက်သည်။
ထိုအခါ ဆန်းသူရိန် က "သတိမထားမိဘူးဗျ ကျနော်က တစ်ယာက်တည်းနေတက်တာမို့ပါ"။
ဤသို့နှင့် ဆန်းသူရိန် နှင့် ကောင်းဆက်နိုင် သူငယ်ချင်းစဖြစ်လာလေတော့သည်။
တတိယ နှစ်လောက်မှာ ညီအကိုရင်ပမာ ခင်မင်လာကြသည်။ တစ်ယောက်အကြောင်းတစ်ယောက် မကွယ်တမ်းမလျှို့တမ်း ပြောပြကြသည်။ ယခင် အဆောင် မတူပေမယ် အခုတော့ တစ်ခန်းတည်း တူူတူနေကြတယ်။ တစ်ယောက်လိုအပ်ချက်တစ်ယောက် တက်နိုင်သမျှဖြည့်စည်းပေးကြတယ်။
သူတို့နှစ်ယောက်နဲ့ အရမ်းခင်ကြတဲ့သူငယ်ချင်းလေးယောက်ရှိသေးတယ်။ ခုခေတ်အခေါ်နဲ့ဆို bff တွေပေါ့။ သူငယ်ချင်း ခြောက်ယောက် သွားအတူလာအတူ ပျော်ပျော်ပါးပါကြီးနေလာကြတယ်။ အချင်းချင်း စလိုက်နောက်လိုက်နဲ့ အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့တယ်။ တတိယနှစ် နောက်ဆုံးစာမေးပွဲဖြေပြီးလို့ လက်တွေ့ဆင်းတော့ ကောင်းဆက်နိုင်က သူ့နယ်က စက်ရုံ မှာဆင်းဖို့သူငယ်ချင်းတွေကို တိုင်တွန်းခဲ့တယ်။ သူငယ်ချင်း သုံး ယောက်ပဲ လက်ခံခဲ့လို့ သူတို့လေးယောက်ပဲ အဲ့စက်ရုံမှာအတူလေ့လာခွင့်ရခဲ့တယ်။ `ကောင်းဆက်နိုင်´ နဲ့ တစ်နယ်ထဲသားတွေဖြစ်တဲ့ ခက်ထူးနောင် ရယ်၊ ဆန်းသူရိန် ရယ်၊ ရဲရင့်ထွန်း ရယ်ဖြစ်တယ်။
လက်တွေ့ဆင်းတဲ့ ကာလမှာ ဆန်းသူရိန် က ကောင်းဆက်နိုင် အိမ်၊ ရဲရင့်ထွန်းက ခက်ထူးနောင် အိမ်မှာ နေခဲ့ကြတယ်။ ဒီလိုနဲ့ လက်တွေ့ဆင်း လို့ပြီးတော့ ဆန်းသူရိန် အိမ်ကို ကောင်းဆက်နိုင် လိုက်လည်ခဲ့တယ်။ ဒီလိုနဲ့ ဒီသူငယ်ချင်းနှစ်ယောက် တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှူ ပိုရှိလာခဲ့တယ်။
ကောင်းဆက်နိုင် မိသားစုက ဆင်းရဲတယ်။ ဒါကြောင့် ငွေကြေးအခက်အခဲတွေ ဆန်းသူရိန် ကတက်နိုင်သလောက် ကူညီပေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် စတုတ္ထ နှစ်ယောက်လာခဲ့တယ်။ နှစ်စစချင်းဆိုသလိုပဲ ကောင်းဆက်နိုင် ဟာ ဆန်းသူရိန် ရဲ့ငယ်သူငယ်ချင်းကောင်မလေးကို စိတ်ဝင်စားလာခဲ့တယ်။ အရင်ဦးဆုံး ဆန်းသူရိန်က ကူညီပေးခဲ့တယ်။ လိုအပ်တဲ့ဖုန်းနံပတ်တွေ ၊သူနဲ့တွေ့ဖို့တွေပေါ့။ မကြာပါဘူး ကောင်းဆက်နိုင်နဲ့ ဆန်းသူရိန် သူငယ်ချင်း နှင်းသဲဖြူတို့ ချစ်သူဖြစ်ခဲ့တယ်။
`သူရိန်ရေ ငါ နှင်းသဲဖြူ နဲ့ သွားတွေ့လိုက်အုံးမယ် "
`အော်အေအေ သွားသွား စောစောလည်းပြန်လာအုံးနော်"
`အေးပါကွာ ပြန်မလာရင်တော့သွားပြီးဟေ့ ဟယ်ဟယ်"
``ပျော်နေပေါ့ကွာ"
ဒီလိုနဲ့ ကောင်းဆက်နိုင်တို့ချစ်သူနှစ်ဦး ကန်ဘောင်မှာ ပထမဆုံး ဆုံဖြစ်ကြသည်။
နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့စကားတွေပြောနေကြသည်။
`ချစ်လေး ကိုယ့်ကို ဘယ်လောက်ချစ်လဲ´
`အများကြီးချစ်တာပေါ့ ကို ရယ်။ ကို ရော ချစ်လေး ကို ဘယ်လောက်ချစ်လဲ´
`တစ်သက်လုံး စာချစ်တယ်ကွာ၊ ချစ်လေး ကိုယ့် ကိုယုံလား။´
`ယုံတာပေါ့ ယုံလို့ပဲ တစ်သက်လုံးစာ ချစ်ခဲ့တာပေါ့´
`ဟုတ်ပါပြီကွာ´
ဒီလိုနဲ့ ကောင်းဆက်နိုင် ရင်ခွင်ထဲ နှင်းသဲဖြူ ခေါင်းလေးတိုးဝင်သွားလေတော့သည်။
တစ်လခန့်ကြာပြီးချိန်မှာတော့ ကောင်းဆက်နိုင်တို့ချစ်သူနှစ်ဦးအတော်ပင် သံယောဇဉ် ပိုလာခဲ့လေပြီ။ တစ်နေ့သွားတွေ့ချိန်မှာတော့ ကောင်းဆက်နိုင်က သူ့ချစ်သူနဲ့ ကြည်နူးစရာစကားတွေ ပြောနေရင်းမှ သူ့သူငယ်ချင်း ကိုသတိရသွားဟန်ဖြင့်
`ချစ်လေး ဆန်းသူရိန်က အရင်တုန်းက ချစ်သူရှိခဲ့ဖူးလား။´
`ဆယ်တန်းတုန်းကတော့ရှိခဲ့ဖူးတယ်၊ ဘာဖြစ်လို့လဲအကို´
`ဟုတ်လား...ကိုယ့် ကိုတစ်ခါမှမပြောပြဘူး၊ကို မေးတော့ မရှိဖူးဘူးပဲဖြေတယ်လေ´
`ဟုတ်တယ်...သူ့ချစ်သူကောင်မလေးက သူနဲ့ချစ်သူဖြစ်ပြီး ငါးလ လောက်မှာပဲ ဆုံးသွားတာလေ´
`ဟုတ်လား ဒါကြောင့် သူမပြောပြတာပဲ´
`သူ့ချစ်သူက အသက်ခံရတာလေ ကိုရဲ့´
`ဟုတ်လား ဘယ်လိုဖြစ်ရတာလဲ´
`ချစ်လေး တို့လည်း မသိဘူး၊ ရဲတွေလည်း အမှုလိုက်လို့မရဘူးတဲ့´
`အော် .....ဖြစ်ရလေကွာ´
`သူရိန်ကလည်း ဆယ်တန်းတုန်းကတော်တော်ဆိုးတယ်၊ သွားလေရာ ရန်ပွဲပဲလေ။ သူ့ချစ်သူကို သူ့ရန်ဘက်တွေ သက်လိုက်တယ်ထင်တာပဲ။ သူက အဲ့လိုဖြစ်ပြီးကတည်းက လိမ်မာသွားတာ´
`အော်...ဆန်းသူရိန် ဆန်းသူရိန်´ ဟုစိတ်ထဲမှ ရေရွတ်ရင်း သက်ပြင်းချလိုက်မိသည်။
ထို့နောက် အတန်ကြာချစ်သူနှစ်ဦးစကားပြောပြီးပြန်လာခဲ့သည်။
ထိုနေ့ည ၌ ဆန်းသူရိန် မျက်နှာ အရင်လို မသာယာ။ သူတစ်ခုခုဖြစ်နေပြီ။ ကောင်းဆက်နိုင်အကဲခက်မိသော်လည်း မသိလိုက် မသိဖာသာ နေခဲ့သည်။ ဆန်းသူရိန်မှာ ယခုလက်ရှိ ချစ်သူတစ်ယောက်ရှိသည်။ အဝေးနယ်ကလို့ပဲ သူငယ်ချင်းတွေသိထားခဲ့သည်။ သို့ဖြစ်၍ သူ့ချစ်သူကြောင့် လို့ပဲ ကောင်းဆက်နိုင် ကောက်ချက်ချလိုက်သည်။ ကောင်းဆက်နိုင်သည် ဆန်းသူရိန် အပေါ် အလွန်တရာ ယုံကြည်ပုံရသည်။ကောင်းဆက်နိုင် သေတ္တာ ဟာ အမြဲတမ်းဖွင့်ထားခဲ့တယ်။ သူ့ပစ္စည်းတွေဆို အဖုံးအကွယ်မရှိထားတယ်။ မိသားစုကစ္စတွေ အကုန်ပြောပြတယ်။ ဒီလိုနဲ့ ကောင်းဆက်နိုင်ဟာ ဆန်းသူရိန် ရဲ့ ယုံကြည်မှူ ကိုအရယူနိုင်ခဲ့တယ်။ ဒါကြောင့်ဆန်းသူရိန် လည်း သူ့ပစ္စည်းတွေ ကိုစိတ်ချလက်ချထားတယ်။ တစ်ခါတစ်ရံ သေတ္တာ သော့မခက်ပဲထားခဲ့တယ်။ ဒါကို အခွင့်ကောင်း ယူတက်တဲ့ ကောင်းဆက်နိုင် ဟာ ဆန်းသူရိန်မရှိခိုက်မှာ သေတ္တာ ထဲ အိပ်သွန်ဖာမှောက် ရှာဖွေခဲ့တယ်။ ပြီးတော့ သူလိုချင်တာတွေ ယူထားလိုက်တယ်။ ပစ္စည်းတွေတော့ပုံမပျက်ပြန်စီထားခဲ့တယ်။ ဒါကို ဆန်းသူရိန်တော့ မသိခြာခဲ့ဘူး။
ဒီလိုနဲ့ ရက်တွေကြာလာတော့ ဆန်းသူရိန်ဟာ ကောင်းဆက်နိုင်ပေါ်မှာ သံသယ ရှိလာခဲ့တယ်။ ကောင်းဆက်နိုင်ကလည်း ဆန်းသူရိန် သူ့ကိုသံသယရှိမှန်း သိပေမယ့် ဘာကြောင့်ဆိုတာ မသိခဲ့ဘူး။ ဆန်းသူရိန်ဟာ ကောင်းဆက်နိုင်အပေါ် မသင်ကာမှုတွေရှိလာတာကြောင့် ကောင်းဆက်နိုင်မရှိခိုက် သူ့ရဲ့ပစ္စည်းတွေကိုရှာဖွေကြည့်တယ်။ ကောင်းဆက်နိုင်ဟာ သာမန်ပုဂ္ဂိုလ်ပါပဲ။ သူတို့နှစ်ယောက် ဟာ တစ်ယောက်နဲ့တစ်ယောက် ဘာတွေသံသယ မကင်းမှုတွေဖြစ်နေတာလဲ မည်သူမှမသိနိုင်ပါ။ အရမ်ခင်တဲ့သူငယ်ချင်းနှစ်ယောက် ရှေ့တင်မှာပြုံးနေပေမယ့် နောက်ကွယ်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေမဲ့နေတယ်။
ဆန်းသူရိန် သံသယဝင်လာတာက သူ့သေတ္တာထဲမှာ သေသေချာချာ သိမ်းထားတဲ့ပစ္စည်းပျောက်နေတာ။ ကောင်းဆက်နိုင်ယူထားသလားဆိုပြီး သူမရှိခိုက်ရှာဖွေပေမယ့် မတွေ့ခဲ့ပါ။ ကောင်းဆက်နိုင်ကလည်း သူ့ချစ်သူ နှင်းသဲဖြူနဲ့ တွေ့တိုင်း ဆန်းသူရိန် အကြောင်း ပြောဖြစ်တယ်။ ဆန်းသူရိန်ကို အရင်လိုပဲ ခင်ဖို့ သူ့ချစ်သူက အမြဲမှာတယ်။ ဒါကြောင့်ကောင်းဆက်နိုင်ဟာ အရင်တိုင်းပဲ ခင်ခင်မင်မင်ပြန်နေခဲ့တယ်။ တစ်နေ့သူငယ်ချင်းနှစ်ယောက် မြို့ထဲအလည်သွားရင်း ကန်တော်ကြီးထဲဝင်ဖြစ်တယ်။ နှစ်ယောက်သား အေးအေးဆေးဆေးစကားစမည်းပြောနေရင်းက သူရိန်က ကောင်းဆက်ကိုမေးတယ်။
`မင်းကျောင်းသား အစစ်ရော ဟုတ်ရဲ့လား´
`ဟ..အဆန်းကြီးပါလား၊မေးပုံက၊ကျောင်းသားပဲ အစစ်၊အတု ရှိသေးလာကွ။´
`မသိဘူးလေကွာ...မင်းက စာလည်းတစ်ခါမှ လုပ်ထာမတွေ့ဘူး။ ဖြေမယ့်ည ပဲလုပ်တယ်။ ပြီးတော့ result လည်းကောင်းတယ်လေ´
`ဒါလား ပါရမီ ပေါ့ဟ။ မင်းရောစာလုပ်လို့လား´
`ငါလည်းမလုပ်ပေမယ့် မင်းထက်တော့လုပ်သေးတယ်လေကွာ၊ငါက မင်းကို ဟန်ဆောင်ပြီးကျောင်းတက်နေတာလားလို့လေ´
`အဓိပ္ပါယ် မရှိတာတွေပြောမနေပါနဲ့ကွာ´
`အေးပါ´
ထိုသို့နှင့် စကားပြက်သွားသည်။
နောက်တစ်နေ့ နံနက် ကောင်းဆက်နိုင်တစ်ယောက် စောစောထ ကာ ရေ၊မိုးချိုးပြီး ဖုန်းသုံးနေသည်။ ဆန်းသူရိန် လည်းခဏအကြာမှာလိုက်ထကာ ရေချိုးပြီးပုံမှန်တိုင်းပြင်ဆင်နေလေခဲ့တယ်။ ဆန်းသူရိန်က အဝတ်အစာလည်းရင်နဲ့
`ကောင်းဆက် မနက်စာသွားစားရအောင်´
`အေ ခဏနေမှသွားမယ်လေ ၊ ငါမဆာသေးလို့ကွ´
ထိုစဉ်မှာပင် တံခါး ခေါက်သံကြားသဖြင့် သူငယ်ချင်းတစ်ယောက်ယောက် လာခေါက်သည်ထင်ကာ ဆန်းသူရိန် သွက်သွက်လက်လက် ပဲဖွင့်ပေးလိုက်သည်။ မြင်လိုက်ရသည့်မြင်ကွင်းကတော့ ဆန်းသူရိန် လုံးဝမ ထင်မှတ်ထားတဲ့ ပုံရိပ် တွေပါ။ ရဲ အရာရှိတစ်ယောက်နဲ့ သူ့ကို သေနတ်နဲ့ ချိန်ရွယ်ထားတဲ့ တပ်သား အဆင့်ရှိ ရဲ သုံးဦး။ မြန်ဆန်လွန်းတဲ့ ရဲ အရာရှိရဲ့ ခါးမှာ အရောင်လပ်နေတဲ့ steel ကွင်က သူ့လက်ပေါ် ဘယ်အချိန်ရောက်မှန်းမသိရောက်သွားခဲ့တယ်။ ထို့နောက် ရဲအရာရှိမှ ကောင်းဆက်နိုင်အား အလေးပြု လိုက်တော့ မှဆန်းသူရိန် ကောင်းကောင်ကြီး သဘောပေါက်သွားတယ်။ ဒါပေမယ့် သူ့အတွက် သိပ်အထူးအဆန်းတော့မဖြစ်ခဲ့ပါ။ ဘာ့ကြောင့်လဲဆိုတော့ သူထင်ထားသလိုဖြစ်ခဲ့လို့ပါ။
ရဲစခန်းရောက်ပြီးသိပ်မကြာ ကောင်းဆက်နိုင်ချစ်သူ နှင်းသဲဖြူ ရေးကြီးသုတ်ပျာ ရောက်လာခဲ့တယ်။ ထို့နောက် တွေ့တွေ့ချင်း ကောင်းဆက်နိုင် ပါးကို လက်ဝါယာထင်အောင် ရိုက်လိုက်တယ်။ ပြီးတော့ အချုပ်ထဲလိုက်သွားပြီး ဆန်းသူရိန်ကိုသံတိုင်ကြားထားပြီးပွေ့ဖက်ကာငိုနေတယ်။ ပြီးတော့ပြောနေကြသေးတယ်...
`အကိုရယ် ဘယ်လိုဖြစ်ရတာလဲ.၊ ချစ်လေးကို ဘာလို့မပြောပြထားတာလဲ´
`ကိုယ့်အပြစ် ကိုယ်ခံရတာပါကွာ၊ ချစ်လေးကို မပြောပြမိတာတောင်းပန်ပါတယ်။´
ဆန်းသူရိန်နဲ့ နှင်းသဲဖြူ ဒီလိုမျိုး စကားတွေပြောနေချိန်မှာတော့ အံဩ မှင်သက် ကာ ကြည့်နေမိသူက ထောက်လှမ်းရေး ရဲအရာရှိငယ် ကောင်းဆက်နိုင်ပါ။ သူနားမလည်တာက သူ့ချစ်သူ နှင်းသဲဖြူ ဟာဆန်းသူရိန်ရဲ့ချစ်သူဖြစ်နေတာ။ ဘာတွေလဲ။ နှင်းသဲဖြူက ငါ့ချစ်သူ ငါနဲ့တွဲလာခဲ့တာ ခုတော့ သူရိန်ချစ်သူဘယ်လိုဖြစ်သွားတာလဲ။ ထားလိုက်တော့ နောက်နေ့ အမှုစစ်မှပဲမေးတော့မယ်။
အမှုစစ်မယ့် အခန်းထဲ တရားခံ ကဆန်းသူရိန်၊ အမှူစစ်က သူ့သူငယ်ချင်း ကောင်းဆက်နိုင်။ဟုတ်ပြီး..ဒါနဲ့ အမှုက ဘာအမှုလဲ။ လူသတ်မှုပါ။ ဘယ်သူ့ကိုသတ်တာလဲ။ သူ့ချစ်သူဟောင်း သက်ထားရွှေဇင်။ ကောင်းဆက်နိုင်စမေပြီး.....
`ကိုဆန်းသူရိန် ခင်ဗျား ဟာ ခင်ဗျားရဲ့ချစ်သူရည်းစားဟောင်းကို သတ်ခဲ့တယ်ဆိုတာ သက်သေခံ ပစ္စည်း နဲ့တကွ အားလုံးသိထားပါပြီ ။ ခင်ဗျာသတ်တာမှန်ကန်ကြောင်းဝန်ခံပါ´
`ဟုတ်ကဲ့ပါ ကျနော် သတ်ခဲ့ပါတယ်´
`ဘာ့ကြောင့် သတ်ခဲ့တာလဲ´
`ကျနော့ကိုထားသွားပြီး၊ တစ်ခြား တစ်ယောက်နဲ့တွဲလို့ပါ´
`ဘယ်လိုသတ်ခဲ့တာလဲ၊ ဘယ်နားမှာသတ်ခဲ့တာလဲ။´
`ဓားနဲ့ထိုးသတ်ခဲ့တာပါ၊ စစ်တောင်း တံတား အောက်မှာပါ´
`ဟုတ်ပါပြီ...ဝန်ခံပြီးပြီးဆိုတော့ သတ်တာသေချာပြီ။ ဒါနဲ့ ထပ်မေးအုံးမယ်.၊ နှင်းသဲဖြူနဲ့ မင်း ဘယ်လို ပတ်သတ်သလဲ´
`နှင်သဲဖြူက အခုကျနော့်ချစ်သူပါ။ ခင်ဗျားနဲ့မချစ်ခင် ကတည်းကပါ´
`ဟေးးးး.ရှင်းစမ်းပါဦးဟ´
`သူနဲ့ချစ်သူဖြစ်တာကြာပါပြီး၊ ဒါပေမယ့် ကိုကောင်းဆက်နိုင်ကို မသင်ကာလို့ ကျနော့ချစ်သူကို ခင်ဗျားချစ်သူပုံစံ ဟန်ဆောင်ပြီးနေခိုင်းခဲ့တာ။ ခင်ဗျားကလည်း သဘောကျတယ်ဆိုတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့။´
`ကျုပ်ကလည်း ဒီကောင်မလေးက ခင်ဗျားနဲ့ ကျောင်းနေဘက် ငယ်သူငယ်ချင်းဆိုတော့ သူ့ဆီက အချက်လက်ရနိုင်တယ်ဆိုပြီး ကပ်ခဲ့တာဗျ.၊ ဒါနဲ့နှင်းသဲဖြူ က ကျုပ်နဲ့ချစ်သူ လုပ်ဖို့ ခင်ဗျားပြောတော့ မငြင်းဘူးလား´
`ငြင်းတာပေါ့၊ ချော့ပြီးပြောရတာပေါ့။ဒါတောင် ငါး လပဲ တွဲမယ်ပြောထားတာ။ ငါးလ မပြည့်သေးလို့ ပြည့် ရင် ခင်ဗျားနဲ့ပျက်ပြီ´
`ကျုပ်လည်း ခင်ဗျားရိပ်မိနေမှန်း သိလို့ အချိန်မှီဖမ်းလိုက်တာ။ကန်တော်ကြီးထဲမှာ ခင်ဗျားပြောတာတွေက ကျုပ်ကိုသံသရဝင်နေပုံ ရတော့ ကျုပ်လည်း မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားလိုက်တာပါ။´
`ခင်ဗျားတော်ပါတယ်ဗျာ၊ ကျုပ်ဆီက ဘာတွေ သက်သေခံ ပစ္စည်းရထားလို့လဲ´
`ခင်ဗျား သိမ်ထားတဲ့ ဓား၊ ကိုယ့်ချစ်သူကိုယ်သတ်ပြီး မှ စိတ်မကောင်းဖြစ်ပြီး ခင်ဗျားရေးထားတဲ့ Auto စာအုပ်တည်းက စာသား၊ ကောင်မလေး သေတဲ့ အချိန် မှာ ဝတ်ထားတဲ့ အကျႌ နဲ့ ပုံစံတူ၊စုံတွဲဝတ်ဆုံ၊ခင်ဗျား တစ်ခါမှ မဝတ်ပဲ သိမ်းထားတဲ့ သွေးစွန်းနေတဲ့ အကျႌ၊ တွေနဲ့ အခြားပစ္စည်းတစ်ချို့ပါ။´
`ခင်ဗျား နဲ့ နှင်သဲဖြူကို ပေးချစ်လိုက်တာ ခင်ဗျား ဘာကောင်လဲမသိခင်ပဲ ကျနော်ထောင်ထဲ ရောက်တော့မယ်။ နှင်သဲဖြူကို ခင်ဗျားမေးသမျှ ကျနော် အကုန်သိခဲ့တာပဲ။ နှင်းသဲဖြူ ဆီက သိရတဲ့သတင်းက ကျနော်လည်းပိတ်လို့မရဘူ။ သူကကျနော့ငယ်ချစ်ဦး ဆုံးသွားတာပဲသိတာ။´
`ခင်ဗျားလည်း သိပ်တော်ပါတယ်၊ ဒီလောက်နှစ်တွေကြာအောင်လျှို့ဝှက်နိုင်ခဲ့တယ်။ခင်ဗျား ကချစ်သူကိုတောင် အသုံးချတာတော့လွန်တယ်ဗျာ´
`ကျနော်လည်း စဉ်းစားကြည့်တာ၊ယောကျၤားလေးတွေရဲ့ လျှိုဝှက်ချက်တွေကို ဖော်ထုတ်နိုင်တာ သူတို့ရဲ့ချစ်သူတွေပဲလို့ယူစလို့ပါ။ ဒါနဲ့ ခင်ဗျားက ကျောင်းဘယ်လိုလုပ်တက်ခဲ့တာလဲ။´
`နိုင်ငံတော်အကူအညီနဲ့ပါ။ ခင်ဗျားလိုက်လည်တဲ့ ကျုပ်အိမ်ဆိုတာလည်း မဟုတ်ပါဘူး။ ကျုပ်ဦးလေးအိမ်ပါ။´
`ဟား....ခင်ဗျားကတော့ တကယ်ထောက်လှမ်းရေးပီသတာပဲ၊အာလုံးက လျှို့ဝှက်ချက်တွေကြည့်ပဲ၊ ဒါကြောင့်လဲ ကျုပ်ကိုဖမ်းမိတာပေါ့´
`အေးပေါ့ကွာ၊ မင်းလည်း တရားရုံး မှာရင်ဆိုင်လိုက်ဦး၊ ငါ့ကိစ္စကတော့ပြီးပြီ၊´
`အေးပါကွာ အေးပါ´
ဒီလိုနဲ့ ကောင်းဆက်နိုင်ပြန်ထွက်ပြီး၊ ဆန်းသူရိန်လည်း အချုပ်ခန်းထဲပြန်ရောက်သွားလေတော့သည်။
တစ်လခန့်ကြာပြီချိန်မှာတော့ တရားရုံး မှာ ထောင်ဒဏ် နှင့် အလုပ်ကြမ်း (၅)နှစ် ချမှတ်လိုက်လေပြီ။ ကောင်းဆက်နိုင်ကတော့ ပခုံးပေါ်မှာ ကြယ်လေးတစ်ပွင့် ပိုလာခဲ့လေပြီ။
အမှန်တရား ဖော်ထုတ်လာချိန်မှာတော့ ငြင်းပယ်မနေတော့ဘဲ ရဲဝန့်စွာ ဝန်ခံသွားသူ ဆန်းသူရိန်၊
အမှုတစ်ခုအတွက်လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ဘဝရှင်သန်ခဲ့ရတဲ့ စုံထောက် လေး ကောင်းဆက်နိုင်၊
ချစ်သူကို ချစ်တဲ့စိတ်ကြောင့် ချစ်သူခိုင်းသမျှမငြင်းဆန်ဘဲ တစ်ခြားသူတစ်ယောက်ရဲ့ဟန်ဆောင်ချစ်သူလုပ်ခဲ့ရတဲ့ နှင်းသဲဖြူ
သူတို့တွေ တစ်နေ့ပြန်ဆုံရင် ဘာတွေဖြစ်လာမလဲ.........တွေးတောရင်းနဲ့
ထက်ကောင်းကင် (နည်းပညာ)
No comments:
Post a Comment