မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Monday, September 5, 2016

ချစ်ခွင့်ပန်သော်

ချစ်ခွင့်ပန်သော....

တက္ကသိုလ်ရှေ့ ခရေတန်းအောက်က ခုံမှာ သူငယ်ချင်းတစ်စုထိုင်နေရင်း စကားစမြည်းပြောနေကြစဉ်----
ဖြူနက်ပြာလေးဝတ်ဆင်ကာ ခဲရောင် ကျောပိုးအိပ်ကလေးလွယ်ပြီး လမ်းလျှောက်လာတဲ့ကောင်မလေးတစ်ယောက်ကို တွေ့လိုက်သည်။ ဝင်းလတ်နေတဲ့ မျက်နှာပေါ်မှာ နီမြန်းနေတဲ့ သွေးကြောများ အထင်းသားမြင်နေရသည်။ လက်ချောင်းကလေးများက ဆင်ဆွယ်ပမာ ကော့ဆင်းနေသည်။ ထိုင်နေသူအားလုံးရဲ့ မျက်လုံးအစုံတို့ကို သူဖမ်းသွားလိုက်ပြီ။ ကျတော် ရုတ်တရပ် ထရပ်လိုက်ပြီး သူယ်ချင်းတွေ ကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တစ်ချက်ပြုံးပြလိုက်သည်။ ပြီးတော့ ကျနော့် ခြေထောက်တွေ သူမဆီ ဦးတည်သွားသည်။ ကောင်မလေးကို ရှေ့ကလက်ထိုးတားလိုက်သည်။ အရှိန်အဟုန်နဲ့မောင်းနှင်လာတဲ့ ရထားတစ်စင်း ဘရိတ် စောင့်နင်းလိုက်လို့ ရထားထဲကလူတွေ ရုတ်ရုတ်သဲသဲဆူညံသွားသလို သူမရင်ထဲမှ ဘလောင်ဆူသွားတာ ကျနော် အကဲခက်မိသည်။ သူမရဲ့ခြေလှမ်းတွေရပ်တန့်မှုနဲ့အတူ မျက်နှာပြင်မှာ တင်းခနဲဖြစ်သွားသည်။ တင်းမာလာတဲ့သူမရဲ့ မျက်နှာ ကို မခို့တရို့ အပြုံးနဲ့ တစ်ချက်ကြည့်ရင်း ...
``မင်း နာမည် ဘယ်လိုခေါ်လည်း။ ကို့ နာမည်က ဖြူဖွေးပါ။´´
``ရှင့်နာမည် ကျမ မမေးပါဘူး။ ကျမ နာမည်ကို ကျမမိဘတွေ ဒန်ပေါက်ကျွေးပြီးကင်ပွန်းတက်ထားတာ၊ လွယ်လွယ်နဲ့ဘယ်ရမလဲ´´
`အိုး..ဟုတ်ပါပြီ၊ ဘယ်မေဂျာ၊ ဘယ်နှစ်လဲရော သိနိုင်မလား´
``သိချင်ရင် ဘယ်အခန်းထဲဝင်လည်းလိုက်ကြည့်လေ´´
``ဒီလိုချိုသာပြေပြစ်တဲ့ မင်းနဲ့စကားပြောရတာ ဂုဏ်ယူပါတယ်´´
``ရွဲ့တယ်၊စောင်းတယ် ဆိုတာ မိန်းခလေးပဲ လုပ်တက်တယ်ထင်တာ´´
``မရွဲ့ပါဘူး ၊ မေတ္တာလိုချင်ရင် မေတ္တာပေးဖို့ တို့ဘုရားကဟောထားတယ်လေ´´
``ကြောက်ခဲကို ခေါင်းနဲ့တိုက်ရင် ရှင့်ခေါင်းပဲကွဲမှာ ကြောက်ခဲက ဟန်မပျက်ပါဘူး´´
``ကျနော့ခေါင်းကွဲသွားရင် သွေးစလေးတော့ ကြောက်ခဲမှာ ကျန်ခဲ့မယ်လို့ယုံကြည်တယ်´´
``ဒါက ရှင့်အထင်လေ´´
``ထားပါတော့ ဒီပုံစံနဲ့ချစ်ခွင့်ပန်လို့ရမလား´´
``လွန်ခဲ့တဲ့ တစ်နာရီလောက်က ရှင့်သူငယ်ချင်းတွေကို ကြိုမေးထားသင့်တယ်´´
``ဘာလဲ မရဘူးပြောချင်တာလား´´
``အနေအထိုင်ခပ်စုပ်စုပ် လူပုံစံ ရစ်ထုပ် နဲ့ ပညာမဲ့ရုပ်၊ ရှင့်ပုံနဲ့ ရှင့်ရုပ် ထပ်ပြောချင်ရင် အသစ်လုပ်´´
``ဒီမယ် မိန်းခလေး မင်းပြောတဲ့စကားက မင်းရဲ့အရည်အချင်းကိုဖော်ပြသွားပြီ၊ လူတစ်ယောက်ရဲ့ အရည်အသွေးကို ငွေပေးပြီးပြောင်းလဲယူနိုင်တဲ့ အဝတ် အစားနဲ့ ဆုံးဖြတ်လိုက်တာမင်းမှားပြီ´´
``ရှင်ဘုရင်က သူဖုန်းစားလို့ မဝတ်စားသလို၊ သူဖုန်းစားကလည်း ရှင်ဘုရင်လို မဝတ်နိုင်တာ ရှင်သိမှာပါ´´
``အပုပ်ကောင်ကို အလှဆင်၊ ငွေရှိမှ ချစ်ကြိုက်ချင်၊ပညာသင်မင်းဘဝ ရင်လေးတယ်မိန်းခလေးရ´´
``ရင်လေးရမှာက ရှင့်ကိုရှင်၊ အနွမ်းဟောင်း ဒီအထည်နဲ့ လမ်းဟောင်းကိုသီဖယ်နေတဲ့ အကျင့်၊ စီးပွားရှာမကြီးပွား ကျရှုံးမှာရှင်မှတ်ထား´´
`` ဟ..ဒီမယ်ဒီမယ်...ကို့ဘဝက အနေစုပ်ပေမယ် ရွှေထုပ်တဲ့ မြပဝါ ပါကွ´´
``ရွှေထုပ်မယ့် မြပဝါတော့မထင်ဘူး၊ ခြေရှုပ်မယ့် လူ့ငနာပဲဖြစ်လိမ့်မယ်´´
``ရုပ်အဆင်းကျော့ရှင်းလို့ ကော့ဆင်းတဲ့ လက်အသွယ်၊ အမြင်ပိုင်းသိပ်လှတယ်။ ဒီအလှမှာ မင်းမာန်တက် ပညာဥာဏ်သိပ်မထက်တော့၊ ဘဝကိုရူပါဖျက် မင်းကိုမင်းမာန်နဲ့သက် ရှင်လျှက်နဲ့သေဦးမယ်´´
``အော်..ရှင်က မစားရတဲ့အမဲ သဲနဲ့ပက်၊ တစ်ဖက်သားကို ပုတ်ခက်လျှက် ပြောတက်တဲ့ဒီပါးစပ်၊ မှတ်ထားမယ်ဒီတစ်သက်´´
``မှတ်သားပါညီမရယ်....ချစ်လွန်းလို့ပြောပါ့မယ်၊ မင်းမာန်ကိုချောင်ထိုးလို့ နှလုံးသားအစားထိုး၊ ပြန်ချစ်ပါ ဒီလူရိုး ´´
``တော်လိုက်တော့ ကိုလူဆိုး ရယ် ....ရှင့်အပြောကောင်းပါတယ်၊ ဒါပေမယ့် ကျမ နှလုံးသားက ရှင်နဲ့ဆိုရင်တော့ Airplane mode ချထားတဲ့ဖုန်းလို့ ဘယ်လိုမှ ချိတ်ဆက်လို့ရမှာမဟုတ်ဘူး´´
``ပြောင်းလဲချိန်တန်ပြီမို့ ညီမရဲ့ ခံယူချက်လေးတွေပြင်ပေးပါလားကွာ၊ ကို့နှလုံးသားအင်ဂျင်လည်ပတ်နိုင်ဖို့ ညီမက ဆီအဖြစ်နဲ့လိုအပ်နေတာမို့ပါ´´
``ခုတော့ ဒီလိုပြောတာပဲ၊ နောက်တော့လည်း လျှပ်စစ်အင်ဂျင်ပြောင်းသွားလို့ အားသွင်းပြီးမောင်းတော့  ဆီ ဆိုတာ မလိုဘူးလို့ရှင်ပြောအုံးမှာပဲမဟုတ်လား ကိုဖြူဖွေး´´

ပြောပြောဆိုဆိုကောင်မလေးကျနော့ရှေ့ကနေရှောင်ထွက်ဖို့ဟန်ပြင်လိုက်သည်။ ကျနော်တိကျတဲ့ အဖြေမရသေးတဲ့အတွက် သူမလက်ကို လှမ်းဆွဲလိုက်သည်။
``ဟိတ်...ခဏနေပါအုံး၊ စကားမပြီးသေးဘူးလေ´´
သူမလက်နုနုလေးကိုလည်းတင်းတင်းရင်းရင်ဖြစ်ညစ်ကိုင်ထားလိုက်သည်။နှစ်ယောက်လုံးရဲ့ရင်ထဲမှာ ရန်ကုန်-မန္တလေးအမြန်ရထားကြီး အရှိန်နဲ့ဖြတ်မောင်းသွားသလိုတုန်ဟီဆူညံသွားသည်။
``ရှင်က မိကောင်းဖခင်ရဲ့ သားပီပီ၊ မိန်းခလေးတစ်ယောက်ရဲ့ဂုဏ် သိက္ခာကို ငဲ့ကွက်တဲ့သူဆိုရင်ကျမလက်ကိုလွှတ်လိုက်ပါ´´
``ညီမကလည်းပညာရှိပီပိ တည်တည်ငြိမ်ငြိမ်ဆက်ဆံမယ်လို့  ယုံကြည်တဲ့အတွက်လွှတ်ပေးပါ့မယ်´´
ကျနော်သူမလက်ကိုလွှတ်ပေးလိုက်သည်။
``ကို့အချစ်ကို လက်ခံပေးပါ၊ စဉ်းစားပေးပါ၊ ယုံကြည်စွာနဲ့မျှော်လင့်ချင်တယ်´´
``ခုပြောခုလက်ခံရအောင် ကန်စွန်းရွက်မဟုတ်ဘူးနော် ´´
``ညီမနှလုံးသားက ချစ်မိသွားလို့ ဦးနှောက်ကလက်ခံပေးနိုင်ရင်တော့ ပန်းနုရောင်သန်းနေတဲ့နှုတ်ဖျားက ချစ်တယ်လို့ပြောလိုက်ပါ။ ဘယ်အချိန်ပြောပြောညီမက ကို့အတွက်တော့ ရွှေကလပ်ပေါ်က ပတ္တမြားပါပဲ´´
``ဒါပေမယ့် သင်္ချာမှာက base တူမှ power ပေါင်းလို့ရတယ်နော်၊ ရှင်နဲ့ကျမက base မတူဘူးလေ´´
``baseတူဖို့ဆိုတာ နှလုံးသားနှစ်ခုထပ်တူကျဖို့လို့ ယူဆရင် အားလုံးအဆင်ပြေသွားမှာပါ´´
``ထားပါတော့ ...ကျမလက်ခံပေးရင်ရော ရှင့်မိသားစု၊ရှင့်သူငယ်ချင်းတွေထက်ပိုပြီးချစ်နိုင်မှာလား၊ ပိုပြီးဂရုစိုက်မှာလား´´
``Binary မှာသုံးတဲ့ တစ်၊သုံည နဲ့ သင်္ချာမှာသုံးတဲ့ တစ်၊ သုံည အမြင်ပိုင်း မှာ တစ်နဲ့ သုံညတွဲထားလို့တူပေမယ့် သဘောတရားချင်းမတူတာညီမသိမှာပါ၊သင်္ချာမှာ တစ်၊ သုံည ဆို တစ်ဆယ်(10)လို့သိတယ်၊ binary မှာ တစ်သုံညဆို သုံး(3) လို့ ပဲသိတယ်။ မတူညီတဲ့အရာနှစ်ခုကိုနှိုင်းယှဉ်လို့မှမရတာ၊ ၁၅၀၀နဲ့ ၅၂၈ မတူညီတာကိုတန်းတူထားမိရင် ညီမမှားသွားမှာပေါ့´´
``ရှင့်ကတော်တော်လေးကို ဆင်ဝှေ့ရန်ရှောင် လုပ်တက်တာပဲ´´
``မဟုတ်ရပါဗျာ...´´
``ကဲ..အခုကျမသွားနိုင်ပြီလား´´
``အချိန်ဘယ်လောက်ကြာကြာစောင့်ရဦးမှာလဲ´´
``ရှင့်အကြောင်း သေသေချာချာသိတဲ့နေပေါ့´´
``Ok.မြန်မြန်သိပါစေ....သွားလို့ရပါပြီ....အော် နာမည်လေးနော့ပြောခဲ့ဦး´´
``ငွေနှင်းရည်......သွားပြီ ..Good Luck´´
``ဟော့.......နှလုံးသားကို ဦးနှောက်က မညာနဲ့နော်....´´
ထို့နောက် ကျနော်လည်း လေပြေနဲ့အတူလွင့်နေတဲ့ သူမ ဆံပင်လေးကို ငေးရင်း သူငယ်ချင်းတွေဆီ လျှောက်လာခဲ့တော့သည်................

အားပေးသောအားလုံးအား အစဉ်လေးစားလျှက်

                             ထက်ကောင်းကင်
                              (နည်းပညာ)

No comments:

Post a Comment