မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Sunday, September 4, 2016

အမေ့အိမ်

အမေ့အိမ်

ဖိုးလမင်းကြီး မှိန်လှတဲ့ည
တိမ်ဆိုင်ပါးပါး မျောလွင့်ရင်းက
ကြယ်ပွင့်ဖြူဖြူ တိုးထွက်လို့လှ
အမေ့အိမ်သို့ သားငယ်လွမ်းရ

ဆောင်းလေတိုးဝှေ့ တိုက်ခက်လိုက်မှ
အဖော်မဲ့သူ တစ်ကိုယ်တည်းဗျ
သတိစိတ်ဝင် ခြေလှမ်းပြင်စ
ဦီးတည်ရာမဲ့ လျှောက်မိရင်းက
ပေတစ်ရာလမ်း ခရေတန်းစ
ရောက်မှန်းမသိ ရောက်ခဲ့လေဗျ

     ထက်ကောင်းကင်
    (နည်းပညာ)

No comments:

Post a Comment