ခရေတန်း နဲ့ ဘဝလမ်း
တက္က သီလာ ကျောင်းရှေ့လမ်းမှာ
အဖြူနက်ပြာ တူညီဝတ်ကာ
စ နောက်ပျော်ပါး ကစားဖူးတာ
သူငယ်ချင်းများ မှတ်ထားကြပါ
ဆရာစာမေး တို့ရှောင်ပြေးတာ
ဟိုလှည့်ဒီရှောင် မေ့ဟန်ဆောင်ကာ
စာမမေးဖို့ ဝိုင်းတားကြတာ
သူငယ်ချင်းများ မှတ်ထားကြပါ
ကျောင်းတွင်းအလုပ် ဝိုင်းကူလုပ်ခါ
ရေသာမခို သဒ္ဒါပိုစွာ
ပရဟိတ ရင်ဝယ်ကိန်းတာ
သူငယ်ချင်းများ မှတ်ထားကြပါ
စာမေးပွဲပြီး အပျော်ကြီးစွာ
အောင်ပွဲရ ထား စစ်သည်အလား
မဖြေနိုင်လည်း ပျော်နေတက်တာ
သူငယ်ချင်များ မှတ်ထားကြပါ
လူစုံဝိုင်းဖွဲ့ ဝိုင်းဖဲ့တက်တာ
စိတ်မဆိုးပဲ ရယ်မောလျှက်ပါ
အနာဂတ်ရဲ့ အိမ်မက်ဆိုတာ
သူငယ်ချင်များ မှတ်ထားကြပါ
ဘဝတစ်ကွေ့ ခဏတွေ့လည်း
လမ်းခွဲကာနီး ဝမ်းနည်းကြီးစွာ
ချစ်တဲ့စိတ်နဲ့ ငိုရှိုက်ဖူးတာ
သူငယ်ချင်းများ မှတ်ထားကြပါ
လမ်းတွေကိုယ်စီိ ခွဲကြလေတော့
ငါ့သူငယ်ချင်း မိတ်ဆွေရင်းတွေ
ငွေလမင်းလို မလင်းခဲ့သော်
ဓူဝံကြယ်လောက် လင်းလတ်ပါစေ
ထက်ကောင်းကင်
(နည်းပညာ)
No comments:
Post a Comment