မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Wednesday, September 28, 2016

IR (Infrared Remote) အကြောင်း

IR (Infrared Remote) အကြောင်း(Project Idea)

IR တွေကို ဘယ်နေရာတွေမှာ အသုံးပြုကြတာလဲ

Home Application တွေမှာ အတော်များများ အသုံးပြုကြပါတယ်။ TV Remote Control တွေ ၊ Air Con Remote Control တွေမှာ မြောက်မြားစွာ အသုံးပြုနေကြတာ IR တွေပဲဖြစ်ပါတယ်။ TV , DVD , CD , VCR စတဲ့ Product တွေမှာ IR ကို အသုံးပြုကြပါတယ်။ အကွာအဝေး နီးနီးလေးတွေက အရာတွေကို Control ပြုလုပ်ချင်တဲ့ အချိန်တွေမှာ IR ကို အသုံးပြုကြပါတယ်။

လက်တွေ့ အသုံးချ နယ်ပယ်မှာ IR တွေ ဘယ်လို အလုပ်လုပ်ကြသလဲ

IR အလုပ်လုပ်ဆောင်နိုင်ဖို့ Transimitter ၁ ခု နှင့် Receiver ၁ ခု ဆိုပြီးတော့  ပါဝင်ရပါမယ်။ IR တွေရဲ့ Control Signal တွေ သွားတဲ့ လမ်းကြောင်းဟာ One Direction (၁လမ်းသွားပဲ) ဖြစ်ပါတယ်။ Transmitter ဆီကနေ Receiver ဆီကိုသွားခြင်းဖြစ်ပါတယ်။ (TV တွေ ၊ DVD Player တွေ ၊ AirCon တွေမှာဆိုရင် Remote က Transmitter ဖြစ်ပြီးတော့ TV or DVD Player or AirCon တွေရဲ့ အတွင်းထဲမှာတပ်ထားတာကတော့ Receiver ဖြစ်ပါတယ်။ TV နှင့် DVD Player တွေမှာ IR တပ်ဆင်ထားတဲ့ နေရာမှာ မှန်လို အကြည်လေး တပ်ဆင်ထားပါတယ်။ ၄င်းဟာ IR Receiver ပဲဖြစ်ပါတယ်။

နည်းပညာပိုင်း ဆိုင်ရာအနေနဲ့ IR တွေ ဘယ်လို အလုပ်လုပ်ဆောင်ကြသလဲ

IR တွေဟာ PCM (Pulse Code Modulcation) အနေနဲ့ အလုပ်လုပ်ဆောင်ပါတယ်။ (Modulation ဆိုတာနဲ့ပတ်သက်လို့ အသေးစိတ် ရေးသားခဲ့ဖူးပါတယ်) ။ Data ပို့လွတ်ပုံ အမျိုးအစားအနေနဲ့ ၃ မျိုးဆိုပြီးတော့ သတ်မှတ်နိုင်ပါတယ်။ အောက်က ပုံမှာ လေ့လာနိုင်ပါတယ်။ IR တွေအနေနဲ့ Frequency တန်ဖိုး 30KHz , 33KHz , 36KHz, 38KHz , 40KHz , 56KHz ဆိုပြီးတော့ ရှိကြပါတယ်။ ဒါ့အပြင် Frequency တန်ဖိုးတွေပေါ်လိုက်ပြီးတော့ Coding တွေရဲ့ Format တွေလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ Code တွေမှာတော့ Address တွေ ပါဝင်ရပါမယ်။ တချို့ Code တွေကတော့ Inverted နဲ့ Non-Inverted ဆိုပြီးတော့ ၂ ကြိမ်ပို့ပါတယ်။ Key တစ်ခုကို အချိန်ကြာမြင့်စွာ နှိပ်ထားရင် အဆိုပါ Key နဲ့ ပတ်သက်တဲ့ Code ကို ထပ်ကာထပ်ကာ ပို့နေပါတယ်။ Key တစ်ခုနဲ့ တစ်ခုကြားမှာ Time Duration တန်ဖိုး တစ်ခု အနည်းဆုံးခြားနားပေးရပါတယ်။ (ဒါမှသာ Channel 11 ကို နှိပ်ရင် 1 ကို ၂ ကြိမ် နှိပ်ရမှာမို့ Channel 1 လား Channel 11 လားဆိုတာကို ခွဲခြားသိမှာပဲဖြစ်ပါတယ်)

Data Format အနေနဲ့ အများအားဖြင့် RC5 Code နဲ့ NEC Code ဆိုပြီးတော့ ၂ မျိုးရှိပါတယ်။ အဆိုပါ Code ၂ မျိုးရဲ့ Format တွေကို အောက်ကပုံမှာလေ့လာနိုင်ပါတယ်။

IR တွေကို သာမန် Electronic Component တွေနဲ့ တည်ဆောက်ရင် precision အနေနဲ့ရော ၊ Reliability အနေနဲ့ပါ ၊ Control ဘယ်လောက်ထိ ပြုလုပ်နိုင်တယ်ဆိုတာမှာပါ အခက်အခဲ ရှိနိုင်ပါတယ် ။ Arduino နဲ့ တွဲဖက်ပြီးတော့ စမ်းသပ် အသုံးပြုမယ် ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ် ။

IR တွေ တကယ်အလုပ်လုပ်မလုပ် ဆိုတာကို ဘာတွေနဲ့ တိုင်းတာမလဲ

သေချာတာကတော့ Digital or Analog Meter တွေနဲ့ တန်ဖိုးတိကျမှန်ကန်မှာ တိုင်းတာလို့ မရပါဘူး ။ Time Spacing တန်ဖိုး အလွန်နည်းသော Oscilloscope တွေနဲ့ တိုင်းတာရင်တော့ ရနိုင်ပါတယ်။ တကယ့် Data Transfer အနေနဲ့ Key တစ်ခုချင်းစီအလိုက် Signal တွေ ဘယ်လို သွားသလဲ ဆိုတာကို သိရှိလိုတယ်ဆိုရင်တော့ Oscilloscope နဲ့ တိုင်းတာမှပဲ ရပါမယ်။ Programming Idea အနေနဲ့ တော်တော်လေးကို ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ် ။

IR တွေရဲ့ အားနည်းချက် / အားသာချက်တွေက ဘာတွေလဲ

IR တွေက RF တွေလို ယေဘူယျအားဖြင့် ခရီးအဝေးကြီးကို Control မပြုလုပ်နိုင်ပါဘူး ။ (ဒါ့ကြောင့် Home Application တွေမှာပဲ IR တွေကို အသုံးပြုကြခြင်းဖြစ်ပါတယ်)။ ဒါကြောင့် Power Consumption တွေ အနေနဲ့ အလွန်နည်းပါတယ်။ (Battery တစ်ခါ ထည့်ထားပြီးရင် ကာလရှည်ကြာစွာနဲ့ အသုံးပြုနိုင်ပါတယ်)။ RF တွေလို ကွန်ကရစ် နံရံတွေကို ဖောက်ပြီးတော့ မသွားနိုင်ပါဘူး ။(ဒါကြောင့် TV Remote နဲ့ TV ကြားထဲမှာ အတားအဆီး ခပ်ကြီးကြီးတစ်ခု ရှိနေရင် Control ပြုလုပ်လို့ မရတော့ပါဘူး)။ IR တွေကို SmartPhone လို Device တွေပေါ်ကနေ Control ပြုလုပ်လို့ရပါတယ်။ (TV Brand အလိုက်ဖြစ်စေ ၊ Electronic Product အမျိုးအစားလိုက်ဖြစ်စေ သက်ဆိုင်ရာ Key တွေအလိုက် အသုံးပြုလို့ရနိုင်တဲ့ အကြောင်း ရေးခဲ့ဖူးပါတယ်) Programming Idea တာ ရှိမယ်ဆိုရင် (Program ကောင်းကောင်းရေးတတ်မယ်ဆိုရင်) IR နဲ့ ပတ်သက်တာတွေကို တော်တော်များများ Home Application တွေမှာ ကိုယ်ပိုင် Product အနေနဲ့ Control ပြုလုပ်နိုင်ပါတယ်။


ကျေးဇူးတင်ပါတယ်

ကိုမျိုး (အီလက်ထရောနစ်)

No comments:

Post a Comment