သစ္စာ သစ္စာ ✉ ✈
သစ္စာသစ္စာ တည်စေသော်ငှါ
တောင်းဆုရွှေမှာ ဘုရားထံမှာ
ငါ့ရဲ့သစ္စာ တည်တန့်သလို
နင့်ရဲ့သစ္စာ တည်ပါစေသား
ငါဟာသစ္စာ ရှိခဲ့ပါ၏
နင်လည်းသစ္စာ ရှိကောင်းလေ၏
ငါတို့သစ္စာ မြဲလိုလေ၏
ထို့ကြောင့်နေ့စဉ် ဆုတောင်းခဲ့၏
မေတ္တာပေးဝေ မျှခဲ့လေသော်
တန်ပြန်မေတ္တာ ရကောင်းလေ၏
ငါတို့ဘုရား ဟောကြားလေတော့
ငါလည်းယုံကြည် ပေးခဲ့ပါပြီ
အတ္တမာန်ဖက် နင်ဥာဏ်ပျက်၍
ဂတိ သစ္စာ မဲ့ခဲ့လေသော်
အတိတ် ဝဋ်ကြွေး ကုန်ခမ်းလေဟု
ငါကဖြည့်တွေး နားလည်ပေးမည်
ထက်ကောင်ကင်
(နည်းပညာ)
No comments:
Post a Comment