မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Thursday, August 25, 2016

Low ohm tester

Low ohm tester ( Meter)

===================
Resistance One ohm အောက်  များ ကိုတိုင်းတာသော instrument ဖြစ်ပါသည်။ milliohm အထိတိုင်းတာနိုင်ပါသည်။ အရေးကြီးသော connection ကောင်းမကောင်း တိုင်းရာတွင် သုံးသည်။
သာမန် လျပ်စစ် digital မီတာ များသည် resistance ကိုတိုင်းတာ နိုင်သော်လည်း mili-ohm များ ကို တိုင်းရာ တွင် သုံး မရပါ ။ တခါတရံ မော်တာ အကြီး များကို တိုင်းတာ ရာတွင် အကြမ်းဖျင်း 0 point ohm  သာတွေ့ရပါသည်။ continuity များ ကို တိုင်းရာ တွင် လဲ တကယ် အစစ်မှန် low resistance ကို မရပေ။
ထို အခါတွင် low resistance ohm meter များကို သုံးပြီးတိုင်းရပါသည်။ ဘာကြောင့်လဲ ဆိုတော့ loose connection သည် လျပ်စစ်တွင် ပြသနာ များစွာ ကို ပေးတတ်ပါသည်။ တခါတရံ Normal meter များ နှင့်တိုင်း လျင် continuity ဖြစ်သည် ဟုထင်ရသော်လည်း တကယ်တွင် မရှိပါ။
Low ohm tester သည် mili ohm အထိ မှန်ကန်အောင်တိုင်းတာနိုင်ပါသည်။ low ohm tester သည် 1.000 အောက်သာ တိုင်းနိုင်ပါသည်။
လက်တွေ့ အားဖြင့် သုံးသော နေရာများ မှာ အဓိ ကအားဖြင့် connection များ မှန် မှန် တွင် သုံးသည်။ ဥပမာ bus bar များ တခုနှင့် တခု bolt and nut များ နှင့် ဆက်သွယ်သည့် အခါ တကယ် connection ရမရ ကို low ohm tester ဖြင့် တိုင်း ရပါသည်။
မော်တာ များ ဂျင်နရေတာ transformer များ ရဲ့ coil  Resistance ကို တိကျစွာ တိုင်းတာနိုင်သည်။
Battery connection bar များ ကိုလည်း တိုင်းတာနိုင်သည်။ welding joint များ ရဲ့ continuity များ ကိုလဲ တိုင်း ပါသည်။
Cable reel များရဲ့  cable resistance ကိုလည်း တိုင်းတာနိုင်ပါသည်။
Breaker, contactor , relay contact များ တကယ် မိမိ ကို တိုင်းတာနိုင်သည်။
အဓိကကတော့ low ohm နေရာ များတွင် continuity ကောင်းမကောင်း တိုင်းတာ ခြင်း ဖြစ်ပါသည်။
ထူးခြားချက်မှာ တိုင်းတာသော probe ( lead )  တွင် connector ၂ ခုစီ ပါရှိပါသည်။ တခုစီတွင် current and voltage probe  ဖြစ်ပြီး ၂ ခုစလုံး ကို ထိမိအောင် ညှပ် ရပါမည်။ current and voltage  ကို တလှည့်စီ inject လုပ် ပြီး တိုင်းတာခြင်း ဖြစ် ပါသည်။ Separate probe နှင့် combined probe ၂ မျိုး ရှိပါသည်။  
Company အမျိုးမျိုး မှထုတ်လုပ်ပါသည်။

KYAW OO
E & I Engineering

No comments:

Post a Comment