ပျော်တာပေါ့ အမေရယ်…
အမေ……
သား ……လေ mid-term မှာgrade တွေ
ွကောင်းခဲ့တယ်။
တစ်လတာရဲ့အသုံးစရိတ်ကိုသားသိပေ
မယ့် တနေ့တာရဲ့ ဝင်ငွေကိုမသိနိုင်
်သေးတာ ခွင့်လွတ်ပါ အမေရယ်။
သူငယ်ချင်းတွေကြားမှာ အမေ့ရဲ့အား
ကြောင့် သား မျက်နှာမငယ်ရပေမယ့်
အမေ့မျက်နှာ ညိုးနွမ်းနွမ်းကို ခိုးခိုးလွမ်း
ကာ အမေ့ဆန္ဒတွေ ဖြည့်ဆည်းပြီး မကြာ
ခင် အမေ့ရင်ခွင် ခနတာမှေးဖို့ သားပြန်
လာခဲ့မယ်။
ဘာတဲ့…အမေ "သား စာကြိုးစားတဲ့" လား အမေမှာတဲ့စကား ရင်မှာထားလို့
သားတွက်ကို သားထက်ပင် ပူနေရလား
အမေရယ်။
အဆင့်မြင့်မြင့်တက္ကသိုလ်ဆိုတဲ့စင်မြင့်ပေါ် အဖြူအပြာ ဝတ်စုံက မကြွားလှအောင် နွမ်းပေမယ့် တူညီစွာနဲ့ သား
အတန်းမှန်မှန်တတ်ခဲ့ပါတယ် အမေ။
တက္ကသိုလ်ဆိုတဲ့ နယ်ပယ်မှာ " တက္က" ဆိုတဲ့ အတတ်ပညာပင်မကပါဘူး အသိပညာပါ သား ဖွင့်ထွားနေပါပြီ။ အရာအားလုံးက သား ဘဝတွက်ဆိုပေမယ့်လဲ"တက္ကသိုလ်ကျောင်းသားကြီး" ဆိုတဲ့ တုန်ခိုက်တဲ့လေသံနဲ့ ယဲ့တဲ့တဲ့ အပြုံးကို အားကုန်းပြုံးကာ ရပ်တကာ လူတကာ ကြား မော်ကြွားနေတဲ့ အမေကို မသေခင် အနေဆင်ပြေစေဖို့ သား တစ်နှစ်တစ်တန်း ပုံမှန်အောင်ဖို့လိုတယ် အမေ။
"သားရဲ့ကျောင်းကြီးက ခမ်းနားရဲ့လား" ဟုတ်လားအမေ…သားတို့အိမ်လေးထက် အဆပေါင်းများစွာ ခမ်းနားတာပေါ့အမေရယ်။
ဒါပေမယ့် သားတို့တွက် ခနတာ ပညာဆည်းပူးရာ နေရာတခုပါပဲ။ ထာဝရတာ မှီခိုရာ အမေ့အိမ် အမေ့အရိပ် လိုတော့ မဟုတ်ခဲ့ပါဘူး အမေ။
" သား ပျော်ရဲ့လား" ဟုတ်လား အမေ။
ပျော်တာပေါ့ အမေရယ်…ကျေားသားရင်သား မခွဲခြားတဲ့ ဆရာ/ဆရာမတွေ ရှိရာ ကျောင်းကြီးမှာ အလွှာစုံ နယ်စုံက ပေါက်ဖွား လာကြသူတွေ စုံကြပေမယ့် သူငယ်ချင်းဆိုတဲ့ စည်းဝိုင်းထဲ ရှိတူ မရှိတူ သိတူ မသိတူ တန်တူး နေထိုင်ကြတဲ့ စည်းလေးက မက်မေားစရာပါ အမေ။
အမေ သားတွက် မပူပါနဲ့လေ။ သားလေ တမာ တန်းဆိုတာလဲမသိခဲ့ဘူး။ခရေရိပ်
ဆိုတာလဲ သား မထိုင်ဖူးခဲ့ဘူး။
ဂျော်ကာဝိုင်းဆိုတာလဲ မသိခဲ့သလို ဘီယာဝိုင်းဆိုတာလဲ မထိုင်ဖြစ်ခဲ့ပါဘူး
အမေ။အမေပေးတဲ့ လစဉ်ကြေး သား
ပျော်ရွှင်ရေးတွက် ခနပင်မသုံးရက်ခဲ့
ပါဘူးလေ။
ခုတော့ တဆင့်မြင့်သင်တန်းတက်ရောက်ဖို့ စာသင်နှစ်တနှစ်ကုန်တော့မယ် အမေ။စာဖြေခန်းလဲဝင်ရက်နီးခဲ့ပြီ။မကြာခင် အမေမျှော်တဲ့ သား လူလုံးထွားထွားကြီး အမေ့ဆန္ဒ သားဘဝနဲ့ တထပ်တည်းကျအောင်လုပ်ပြီး အမေရှိ
ရာနယ်မြို့လေးကို မှီရာကား တတ်ခါပါးလို့ အမေ့ရင်ခွင်အပ်ကာ လွမ်းသမျှ ပန်းကာလေ နွမ်းလျှစွာနဲ့ တွဲခိုထားချိန် ဖေးမကာ ပွတ်သပ်ပေးလှည့်ပါ အမေရယ်…။
အမေချစ်သား
ခေတ္တ(TU).
No comments:
Post a Comment