ကြမ်းခင်းကြွေပြားခင်းတဲ့အခါ
မှတ်စုအတိုအထွာ
************************
ကြွေပြားခင်းတဲ့အခါ
စနစ်တကျဖြစ်ဖို့
သတိထားရမဲ့အချက်တွေရှိတယ်
အထူးသဖြင့်အဆောက်အအုံတွေ Renovation ပြန်လုပ်ရတာဆိုရင်
ခင်းမဲ့နေရာမှာ အရင်လက်ကျန်
Adhesive တွေ ညစ်ပတ်နေတာတွေ ဆီတွေစွန်းပေနေတာတို့ရှိရင်
အရင်သန့်ရှင်းနေအောင်
သန့်စင်ထားသင့်တယ်
ရေပြင်ညီဖြစ်မဖြစ်စစ်မယ်
ချိုင့်ခွက်တွေ အက်ကြောင်းတွေရှိနေရင် ပြန်ဖို့ပေးပြီး
မညီရင်ပြန်ညှိထားပေးသင့်တယ်
အထူးသဖြင်�့ လူတွေအရေးပေါ်
အသုံးပြု နေရမဲ့
မီးဖိုခန်း.ရေချိုးခန်းစသည်တို့
ကြွေးပြားခင်းရာမှာ အရန်ခန်းတွေမရှိရင် တပြင်လုံးဖြန့်ပြီး
စနစ်မဲ့ ခင်းမဲ့အစား
ကြွေပြားအသားမကျသေးခင်
အရေးပေါ်အသုံးပြုရလွယ်ကူ
သွားလာရအဆင်ပြေစေဖို့
တစ်ခြမ်းပဲအရင်စခင်းထားတာပြီး
အသားကျခါမှနောက်တစ်ခြမ်းခင်းတာမျိုး လုပ်သင့်တယ် အဲလိုမျိုးလုပ်တာ
အချိန်ယူပေမဲ့ အဆင်ပြေစေတယ်
ရေရှည်ခိုင်ခံ့စေတယ်
အမြန်အသားကျစေတဲ့
Adhesive ဆိုရင်
Setting ကျတာမြန်တယ်
Adhesive ရဲ့အညွှန်းအတိုင်း
ကိုယ်ခင်းမဲ့နေရာကို အခန်းမှာ centre point ချ Square metre တိုင်းထားပြီးစခင်းမဲ့ကြွေးပြား key tile သတ်မှတ်ပြီးခင်းသင့်တယ်
တံခါးထွက်ပေါက်ဘက်ကျောပေးပြီး backwards အနေအထားအတိုင်း နောက်တဖြေးဖြေးဆုတ်ပြီးခင်းသင့်တယ်.အဲ့ဒါမှ freshly laid ထားတဲ့ အခင်းကို မထိခိုက်စေနိုင်မှာပါ
ကြွေပြားကြားအကွာအဝေး gap တွေညီညာဖြောင့်တန်းအောင်
ကြွေပြားတစ်ခုနဲ့တစ်ခုကြား
Tile spacers
ကော်ချောင်းလေး များကိုမြှပ်ပြီးခင်းနိုင်တယ်
Alignments တွေဖြောင့်မဖြောင့်
အခါအားလျော်စွာစစ်ပြီး
ကြွေပြားခင်းတာ
မျက်နှာပြင်ညီညာမှုရှိမရှိ
ရေချိန်တိုင်းကိရိယာနဲ့စစ်ပေးသင့်တယ်.တကယ်လို့မညီရင် ကြွေပြားခေါက် ရာဘာတူနဲ့ခေါက်ပြီးညှိနိုင်တယ်
အခန်းရဲ့ centre point သိရဖို့
မြေဖြူ နဲ့ဖြစ်ဖြစ် Guide lines ချ
Key tile နေရာချသတ်မှတ် နေရာကိုလေးစိပ်စိပ်
တစ်စိပ်ချင်းမှာ တစ်စိပ်ပြီးတစ်စိပ်
ကျောက်ပြား
ဆိုက်ပြည့်ခင်းနိုင်သလောက်
အတန်းလိုက်ခင်းခင်းသွားရမယ်
အပြည့်မဆန့်တော့တဲ့နေရာကို
ခဏချန်ထားခဲ့မယ်
ပြီးမှ လိုအပ်သလောက်ဖြတ်ပြီး
ထည့်မယ်.နေရာအလယ်ကစပြီး
Key tile ထားစနစ်တကျခင်းတော့
အမြင်မှာလဲညီတယ်.ဘယ်လောက်ဖြတ်ရမလဲဆိုတာ အလွယ်တကူ သိနိုင်တယ်
ရေပုံးနဲ့အဝတ်စ ဒါမှမဟုတ် ဖော့အရန်သင့်ထားပြီး
ကြွေပြားတွေပေါ်ပေကျံနေတဲ့ adhesive တွေကိုရေစိုဖတ်နဲ့သုတ်ပြီး
သန့်ရှင်းပေးသင့်တယ်
ကြွေပြားဆိုက်ပြည့်မဆန့်လို့
ခဏနေရာလွှတ်ခဲ့တဲ့ ဘေးနေရာတွေမဖြည့်ခင်
ကျန်ခင်းခဲ့ပြီးသမျှနေရာတွေက
အသားကျနေသင့်တယ်
ဆိုလိုတာက ကျန်နေရာတွေ fully setting အသားကျပြီးမှ လိုတဲ့ဘေးနေရာတွေလိုက်ဖြည့်တာမျိုးပါ. Adhesive ခြောက်ပြီးအသားကျချိန်က
နာရီပိုင်းကနေ နှစ်ရက်လောက်ထိရှိနိုင်မယ်
ကိုယ်အသုံးပြုတဲ့အမျိုးအစားပေါ်မူတည်မယ်
အဲ့ဒါကြောင့် အမြန်ခြောက်သွေ့စေချင်ရင်
Rapid-set ဖြစ်စေတဲ့ Adhesive ကိုသုံးသင့်တယ်
ဆိုက်ပြည့်မဆန့်တော့လို့လွှတ်ထားခဲ့တဲ့နေရာတွေမှာထည့်ဖို့
ဖြတ်ရမဲ့ကြွေပြားအရွယ်အစား
တိုင်းတာဖို့အလွယ်နည်းက
ဆိုက်ပြည့်တစ်ချပ်ယူပြီး ဖြည့်ရမဲ့နေရာကိုအုပ်ပြီးတိုင်းကြည့်ပြီး marker လိုင်းတားမှတ်ထား
ပြီးတော့ အဲ့ဒီ လိုင်းအတိုင်း
ဖြတ်စက်နဲ့ဖြတ်ချပေါ့
ဖြတ်တဲ့နေရာမှာကိုယ် Gap ထားရမဲ့ Grouting ရဲ့အကွာအဝေးကိုပါထည့်တွက်ပြီးဖြတ်ရမှာပေါ့
ဖြတ်ပြီးရင် အဲ့ဒီဖြည့်မဲ့ဖြတ်စနောက်မှာ Adhesive သုတ်ပြီး ဖြည့်
အကွာအဝေးGap တူအောင်
Tile spacer ထည့်ပြီးဖြည့်
Level ညီအောင် ရာဘာတူနဲ့
ခေါက်ညှိနိုင်တယ်
(ဖြတ်စတွေဟာ
ပျက်စီးရင်အစားထိုးဖို့
နောင်တစ်ချိန်လိုအပ်ချင်လိုအပ်မယ်.စနစ်တကျသိမ်းထားသင့်တယ်)
Adhesive နဲ့ကြွေပြားအသားကျပြီးတွဲသွားပြီဆိုတာနဲ့ ကိုယ့်နေရာအတွက် ဘယ်လောက်ကုန်နိုင်မလဲ
တွက်ချက်ပြီး
Grouting ခေါ် ကြွေပြားတွေကြားဖြည့်သိပ်ခြင်းစလုပ်နိုင်ပြီ ကြွေပြားကြားတွေ Grouting လုပ်တဲ့အခါ မြှုပ်ထားခဲ့တဲ့ tile spacers များအုပ်တဲ့ထိသိပ်ပေးရမယ်
Grouting လိုင်းတွေသေသပ်လှပဖို့က
အရေးကြီးလို့
အချောသတ်ခြင်း
Grout finishing ကို ကောင်းကောင်းလုပ်ပေးသင့်တယ်
Grout တွေဟိုပေဒီပေမှန်သမျှကို
ရေစိုဝတ်.ဒါမှမဟုတ် ဖော့ကိုရေစွတ်ပြီးသပ်သပ်ရပ်ရပ်
ပြုပြင်ပေးသင့်တယ်
Grouting တွေသပ်ရပ်လှပအောင်ပြင်ပြီး
ပေကျံနေတာတွေသန့်စင်ပြီးရင်
ခင်းထားတဲ့နေရာကို Grouting အသားကျခြောက်သွားတဲ့အထိထားပေးရမယ်.ဘယ်လောက်ကြာမှ အသားကျမလဲက အသုံးပြုတဲ့ Grouting ပေါ်မူတည်မယ်
Grouting ခြောက်သွားပြီးဆိုရင်
အပေအကျံ
အစွန်းအထင်းတွေမရှိအောင်
ကြမ်းခင်းကိုတစ်ခါပြန်သန့်စင်မယ်
အခန်းနံရံနဲ့ကြွေပြားအစွန်းတွေကြားတွေကိုSilicon sealant အကြည်ရောင်ဖြည့်အုပ်ပေးမယ်
Silicon Sealant ဖြည့်တဲ့သဘောက
နံရံနဲ့ကြွေပြားကြား အစိုဓါတ်တွေဖြစ်ပြီး မှိုတွေလိုက်လာပြီးကြွေပြားတွေပျက်စီးကြွတက်မလာစေဖို့ကာကွယ်ပေးတယ်.Grouting လိုင်းကြောင်းတွေပေါ်ကလဲ
Grouting တွေရေရှည်လှပနေဖို့
Seal သုတ်ပေးနိုင်တယ်
အားလုံးပြီးပြီဆိုတာနဲ့
တစ်ရက်လောက်ထားပြီးမှ စနင်းသင့်ပါတယ်
ကြွေပြားခင်းမဲ့နေရာကိုတွက်ချက်ရာမှာ တကယ်လို့များ ကိုယ်ခင်းမဲ့နေရာဟာ.လေးထောင့်စပ်တို့ ထောင့်မှန်စတုဂံတို့ဆိုလွယ်သေးတယ်.မဟုတ်ပဲ odd shapes တွေဖြစ်နေရင် အကောင်းဆုံးနည်းကတော့ စတုရန်းပုံ square metre တွေ
ရနိုင်သမျှခွဲထုတ်တွက်ချက်ပေးသင့်ပါတယ်
တတ်နိုင်သမျှ မဖြတ်တောက်ပစ်ရအောင် မျက်စိပသာဒလဲလှအောင် စဉ်းစားပေးသင့်တယ်
ကြည့်လိုက်တာနဲ့ထင်းကနဲဖြစ်စေတဲ့နေရာတွေမှာ အတတ်နိုင်ဆုံး ဆိုက်ပြည့်တွေထားပြီး သိပ်သတိမထားမိစေတဲ့နေရာတွေမှာ ဖြတ်စတွေထားသင့်တယ်
May Evergreen
#Little Green Forest
(သစ်တောစိမ်းလေး)& Home Sweet Home (သီရိဂေဟာ)
No comments:
Post a Comment