နှောင်ရစ်သူ
မေတ္တာသက်ဝင် တွေးမိလေရင်
တွယ်ရစ်မိသူ အာရုံစွဲထင်
ငါ့ဘဝရဲ့ ဖန်မိးအိမ်ရှင်..........♥
နယ်မြေတွေခြား အဝေးသွားလို့
မတွေ့မမြင် လွမ်းရက်ရှည်ရင်
ဘယ်မှာငါက ပျော်နိုင်အုံးမည်........♥
ဖုန်းမပြောအား တာဝန်များစွာ
သူ့သံ မကြား နေ့ရက်များမှာ
ဘယ်မှာငါက ပျော်နိုင်အုံးမည်.......✆
စားချိန်သောက်ချိန် ပျော်ပါးချိန်လည်း
သူကမရှိ တမ်းတမိတော့
ဘယ်မှာငါက ပျော်နိုင်အုံးမည်.......♥
တိုက်ဆိုင်မှုတွေ့ မြင်ရောင်မိ၍
အနာဟောင်းပေါ် ဆူးနဲ့ဖော်သော်
ဘယ်မှာငါက ပျော်နိုင်အုံးမည်........➳
ငါ့ရဲ့ ဘယ်ဘက် ချန်ထားလှပ်တဲ့
တစ်နေရာစာ သူမလာတော့
ဘယ်မှာငါ ပျော်နိုင်အုံးမည်.........✌
နှောင်ရစ်သူနဲ့ အဝေးနေရာ
သူကအပါ တစ်ကိုယ်တည်းပါ
သံယောဇဉ်တွေ အဆိပ်တက်လာ
အတွေးစေရာ မေးခွန်းတစ်ရာ
ငါ့ဦးနှောက်လည်း မရှင်းနိုင်ရှာ
အလွမ်းရက်တွေ ဆက်နေအုံးမှာ.........✏
ထက်ကောင်းကင်
(နည်းပညာ)
No comments:
Post a Comment