****ကျနော်နဲ့ အချစ်ဦး****
ကားဂိတ်တစ်ခုတွင် ကားစောင့်နေသည်။ အချိန် ၁၁ နာရီခန့်တွင် ဖြစ်သည်။ နေအပူချိန်ကပြင်းသည်မို့ လူတိုင်းရဲ့ မျက်နှာလေးတွေ ချွေးစို့နေ၏။ ကျနော် နဲ့ လင်းမောင် တို့လည်း ကားစောင့်နေရတာ ကြာလာသဖြင့် ညောင်းလာတာနဲ့ အနားက လက်ဖက်ရည်ဆိုင်ထဲ ဝင်ထိုင်နေလိုက်သည်။ ရာသီဥတုက ပူပြင်းနေသည်မို့ အအေး သာ မှာသောက်နေလိုက်သည်။ စကားမဆက် မိတ်ဆက်ရ ဦးမည်။ လင်းမောင် ကသူစိမ်းမဟုတ်၊ ကျနော် နဲ့ ညီကိုလို ခင်သော သူငယ်ချင်းဖြစ်သည်။ အအေးသောက်နေ၍ ရင်ထဲအေးသော်လည်း အမြင်မှာတော့ပူနေသည်။ နေပူပူထဲတွင် ကျနော့ရင်ကိုပူစေမည့် အရာတစ်ခု ရုတ်တရက် ပေါ်လာသည်။ တစ်ခြားမဟုတ် လင်းမောင် နဲ့တစ်နယ်တည်းသူ မိန်းခလေးတစ်ယောက်။ လင်းမောင် တစ်ယောက်မြင်လိုက်သည်နှင့် ထိုင်ခုံမှ ထကာ ကောင်မလေးဆီ လမ်းလျှောက်သွားသည်။ ကျနော်ထိုင်လျှက်ကြည့်နေမိသည်။ သူတို့နှစ်ယောက် စကားပြောရင် ဆိုင်ထဲဝင်လာသည် ။ ကျနော်မျက်နှာလွှဲ ထားခြင်သော်လည်း လင်းမောင် မျက်နှာကြောင့် အားနားပါးနာ ပြုံပြလိုက်သည်။ လင်းမောင် က စကားစသည် ။ `သူနာမည်က နှင်းလွင်လွင်တဲ့´ . `သူကတော့ ပြည့်ဖြိုးကျော် တဲ့´။.ကျနော်တို့နှစ်ယောက် ကိုမိတ်ဆက်ပေးလိုက်သည်။ `အင်း...ညီမကို လွင်လွင် လို့ပဲခေါ်ပါ´ "သူငယ်ချင်းတွေ ခေါ်တဲ့ အတိုင်းပဲပေါ"့၊
သူက စကားပြောလာတော့ ပြန်ပြောဦမှ။.သူ့ကိုသူ ညီမ ဆိုပဲ၊ စိတ်ထဲတွေးမိလိုက်သည်။ `ငါ့ကိုတော့ ကိုပြည့်လို့ပဲခေါ်ပါ´ ။ စကားတိုတိုသာပြောလိုက်သည်။ လွင်လွင် မျက်နှာ မာန ကြီးသည်ထင်ရသည်။ရုပ်ရည်က အသင့်အတင်ရှိပေမယ့် ကျနော့ မျက်လုံးထဲတွင် တော်တော်ဆိုးနေသည်။ နေပူပူ ချွေးများကြောင့်လားတော့မသိ။.ခဏ အကြာတွင် ကားဝင်လာသည်နှင့် ရင်ထဲပျော်သွားသည်၊ အဆောင်မြန်မြန်ရောက်ချင်၍မဟုတ်၊ ရှေ့ ကအရေထူထူ မာန ထန်ထန် မျက်နှာ မမြင်ချင်၍ သာ ဖြစ်လေတော့သည်

အဆောင် ရောက်ပြီး မကြာဘူး၊ လင်းမောင် မီးစမွှေး တော့သည်။ `ဟ..ကိုပြည့် မင်း လွင်လွင် ကို သဘောကျနေတယ်မဟုတ်လား´။ စိတ်ထဲ ထောင်းခနဲ ဖြစ်သွားသည်၊ သူငယ်ချင်းမို့ ပြန်ထိန်းလိုက်သည်၊.ဒါပေမယ့် လေ သံတော့မာသွားသည်၊.❆`အဲ့လိုကောင်မ ကြိုက်မဲ့အစား ကတုံးတုံးပြီး သင်္ကန်းဆီး လိုက်မယ်နော် . မင်းမှတ်ထား´။ လင်းမောင်က ပြုံးဖြဲဖြဲမျက်နှာနဲ့ `အေးပါကွာ...နောက်မှ ငါ့ဆီက ဖုန်းနံပတ်လေး သိချင်လို့တို့ ဘာတို့ လာမပြောနဲ့နော်´ဟု ပြောလိုက်သေးသည်။ ဒီလိုနဲ့ လင်းမောင် သူ့အဆောင်သွားတိုင်း ကျနော် ပါသွားသဖြင့် တစ်စ တစ်စ နဲ့ ရင်းနှီးလာခဲ့သည်။ တစ်နှစ်လောက်ကြာလာတော့ ကျနော်တို့ အတော်ပင် ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာခဲ့သည်။ တစ်ချိန်က ကျနော် မမြင်ချင်သော သူ့မျက်နှာ ဘယ်အချိန်က စပြီးကြည့်လို့ ရသွားတယ် ကျနော်ကိုယ်တိုင်ပင် သတိမထားမိခဲ့။ အခုဆို လင်းမောင် မပါလည်း ကျနော်တစ်ကိုယ်တည်းသွားလည်ဖြစ်လာသည်။ ဖုန်းလည်း မကြာခဏ ပြောဖြစ်လာပြီ။ မွေးနေ့ဆုတောင်းပေးတာတွေကအစ တစ်ယောက်ခံစားရတာ တစ်ယောက်ကို ရင်ဖွင့်တဲ့ အဆင့်ထိဖြစ်လာခဲ့တယ်။သိုပေမယ့် ကျနော်သူ့ကို ညီမလေးလိုသာ ခင်တွယ်ခဲ့တယ်၊ ဒါပေမယ့် သူဘက်က မူမမှန်လာတော့ပါ။ ကျနော့ပေါ် စိတ်ဝင်စားလာခဲ့တယ်၊ ကျနော်ရိပ်မိပေမယ့် မသိချင်ယောင်စောင်ခဲ့တယ်။ သူစိတ်ပြောင်းလာ ကျနော်အပြစ်မပြောလိုပါ၊ ကျနော့ ဘက်ကဆက်ဆံတာ သူငယ်ချင်းထက်ပိုနေတာ လူတိုင်းသိတယ်၊ လူငယ်သဘာဝ တစ်ခါတစ်လေ သောက်မိလို့ မူးလာတိုင်း သီချင်းတွေ ဆိုပြခဲ့တာမနည်းပါ။ ညီမလေးကို ချစ်တယ်လို့တောင်ပြောခဲ့ဘူးတယ်။ ကျနော်ဆိုလိုတာက ကိုယ့်ညီမလိုချစ်တာကိုပြောတာ၊ ဒါပေမယ့် ဘယ်သူစိမ်းမိန်းကလေးမှ အဲ့လိုမတွေးဘူးဆိုတာ ကျနော်မထင်ခဲ့မိဘူး။ အချစ်ကို တစ်ခါမှ မကြုံဘူးသေးတဲ့ကျနော့အတွက် ပြင်မရနိုင်တဲ့ အမှားတွေ အစပြိုးလာခဲ့ပါပြီ
`လွင်လွင်´
`ရှင်´
`ညီမကျောင်းပြီးရင် ဘာလုပ်မလဲ´
` ဟင်းး အင်းးး..သိသေးဘူး အကို´
`အကိုကရော´
`နိုင်ငံခြားထွက်မှာလေ ..အဲ့ဒါကြောင့် အခုတည်းက ချစ်သူတောင်မထားသေးဘူးလေ ...ပြန်လာမှပဲရှာတော့မယ်´
လွင်လွင်မျက်နှာလေးညှိုးသွားသည်က နွေလည်ခေါင်ခေါင် မှာ တိမ်မိုးညိုတစ်ခု ရုတ်တရက် ကျလာသလိုဖြစ်သွားသည်။ ကျနော်မသိလိုက်ပါ ။ ဖြစ်ချင်တော့ ကျနော်နဲ့အတူပါလာတဲ့ ထက်မြတ်သိလိုက်သည်။ ကျနော် စကားဆက်ပြန်တယ်
` လွင်လွင် ညီမလည်း ရည်းစားမထားနဲ့နော်
ကြားလား၊ ကျောင်းပြီးမှာအေးဆေးရှာစမ်းပါ၊ အကိုကတော့ စင်္ကာပူ သွားမှာဆိုတော့ ငါးနှစ်လောက်ကြာမှာ၊ ပြန်လာမှပဲ ချစ်တဲ့သူကို ဖွင့်ပြောတော့မယ် ၊ ဟယ်ဟယ်... နောက်တာပါ ချစ်သူကဘယ်နေမှန်းတောင်မသိသေးဘူးဟ´
ကျနော် အဲ့လောက် စကားပြောနေသော်လည်း
သူ့ဆီက`အင်းးး ´တစ်လုံးတောင်ထောက်ခံဖော်မရခဲ့ပါ။.ကျနော်နဲ့ အတူပါလာတဲ့ ထက်မြတ် ကတော့ သူများမွေးနေ့ အလကားကြိတ်ရသည်မို့ ပြုံးစိစိ နဲ့ အားမနားတမ်း တွယ်နေလေတော့သည်။.ဒီလိုနဲ့ စားသောက်ပြီး ခဏ အကြာ ကျနော်တို့ လွင်လွင်ကို သူ့အဆောင်လိုက်ပို့ပြီး ပြန်လာခဲ့တယ်။

သံယောဇဉ် ဆိုတဲ့ မမြင်တွေ့နိုင်တဲ့ သံမဏိကြိုးက ကျနော်တို့နှစ်ယောက်ကို ချည်နှောင်လိုက်လေတော့ ကျနော်တို့ အလွမ်းပင်လယ်ပြင်ထဲ လက်ပစ် ကူးရတော့တာပေါ့
ကျနော် တစ်ယောက် အတော်ပင် ဆိုးရွားခဲသည် ဒါကို ကျနော်နောက်မှသိလိုက်ရတယ်။ ကိုယ်ချစ်တာကိုတောင်ချစ်မှန်း မသိ။ တစ်ဖက်မိန်းခလေးက ဖွင့်ပြောဖို့ အခွင့်အရေးပေးခဲ့ပေမယ့် မပြောခဲ့။ အလွမ်းပင်လယ်ထဲ ကူးခပ်ရင်း နှလုံးသား ဒဏ်ရာ ရလာခဲ့တယ်၊
သူငယ်ချင်းတိုင်းက မင်းသူ့ကိုချစ်နေတာပါလို့ ပြောတယ်။ ကျနော်သူတို့ကို ဆန့်ကျင်ခဲ့တာ အကြိမ်ကြိမ် ။နောက်တော့ ကျနော်ဖွင့်ပြောလိုက်တယ်။ ဒါပေမယ့် သိပ်ကိုနောက်ကျနေပြီ။ ပေးနေတုန်းက မယူပဲ မသိချင်ယောင်ဆောင်ခဲ့တဲ့ ကျနော်၊ ကမ်းထားတဲ့လက်ပြန်သိမ်းမှ နှုတ်ဆက်ဖို့ဟန်ပြင်သလို ဖြစ်ခဲ့ပြီ။ သူကသူ့အဆက်ဟောင်းဆီ စိတ်ပြန်လည်သွားပြီ။ ကျနော်ကတော့ လမ်းလျှောက်ရင်းလမ်းပျောက်တဲ့ အရူးတစ်ယောက်လို ဖြစ်ခဲ့ပြီ။
ကျနော် အချိန်တိုင်းသူ့ကိုပဲသတိရနေခဲ့တာ။ ညီမအတွက် ဘာမဆို ရင်ဆိုင်မယ်လို့ တွေးထားတာ။ အခုတော့ ကျနော့ဘဝ က ကျောက်ခဲ ရေညှစ်ရသလိုဖြစ်နေပြီ။ အချိန်တွေလည်း ကြာခဲ့ပြီ၊ ကျနော်လည်းကျောင်းပြီးဖို့ တစ်နှစ်သာလိုတော့သည်။ နှလုံးသားလည်းရင့်ကျက်လာပြီ၊ ဒဏ်ရာတွေနဲ့ပေါ့။
အချစ်မှာ မျက်စိမရှိဘူး။ ဟုတ်တယ် မရှိမှတော့အကန်းပေါ့၊ ကန်းနေရင် ဘာမြင်မှာလည်း၊ အကုန်ဝင်တိုက်ပြီပေါ့။
ကျနော်သူ့ကိုဖွင့်ပြောခဲ့ပုံလေး ပြောပြချင်သည်။
ဖုန်းခေါ်လိုက်တယ်၊ ဖုန်းကိုက်လိုက်သည်နှင့် လွင်လွင်ဆီ က အသံလေးကြားလိုက်ရသည်။ကျနော် စကားစသည်။`လွင်လွင် ညီမ အကိုပြောစရာရှိလို့´
`ပြောလေအကို´
`ညီမရယ် ကိုယ့်ကိုကိုယ်တော့မသိဘူး သူငယ်ချင်းတွေကတော့ ပြောနေကြပြီ´
`ဘာလဲအကို´
`အကိုက ညီမကိုချစ်နေတာတဲ့´
`ဘာာ!´
` အဲ့တာ ညီမဘယ်လိုထင်လဲ´
ကယ်ဗျာ ၊ ချစ်ခွင့်ပန်ပုံလေး က မှတ်သားစရာ၊ ကိုယ်ကချစ်တယ်မပြောပဲနဲ့ ၊ ကံကောင်းတာ ဖုန်းနဲ့မို့ပေါ့ ၊ အပြင်မှာ သာပြောရင် သူ့လက်ဖဝါးနုနုလေးနဲ့ ကျနော့ ပါး မိတ်ဆက်ခံရမှာသေချာတယ်။ အဲ့လိုလုပ်လိုက်တာ ကျနော်ဖုန်းဆက်ရင်မကိုင်တော့ဘူး၊ ပိုကြေကွဲပြီပေါ့၊
အဲ့လိုနဲ့ ကျနော် fourth year စတဲ့နှစ်ပဲ ဖုန်းပြန်ဆက်တယ် သူလက်ခံတယ်၊ ပျော်တာပေါ့
သူစိတ်ဆိုးပြေလောက်ပြီပေါ့ ၊ ဒီလိုနဲ့ ပြန်ခင်သွားတယ်ဆိုပါတော့၊ဒါနဲ့ပဲ အရင်ကသေသေချာချာ မပြောခဲ့တာ အခုပြန်ပြေမယ်ဆိုပြီး ပြောလိုက်တယ်။ ဒီတစ်ခါတော့နည်းစနစ်မှန်သွားပြီဗျ၊ ဒါပေမယ့် သူက လက်မခံဘူး၊ မစဉ်းစားချင်ဘူးတဲ့ မုန်းလည်းမမုန်း၊ ချစ်လည်းမချစ်၊
ကြိုးရှည်ရှည်နဲ့ ထိန်းထားတဲ့သဘော ၊ မချစ်ရင် မချစ်နိုင်ကြောင်းငြင်းလိုက်ပါလား၊ မငြင်းဘူး၊ ဒီအဖြစ်မျိုးတော့ ကျနော်လက်မခံ၊ အပြက်မေးမှရတော့မယ်၊ `ညီမ အကို့ကို မချစ်နိုင်ဘူးလား ´ `မစဉ်းစားပေးဘူးလား၊ မချစ်ရင် မချစ်နိုင်ကြောင်းပြောပါ´`အကို့ကို ဒီတစ်သက် မချစ်နိုင်ဘူးလို့ပြောပါ အကိုဘယ်တော့မှ ညီမကို ချစ်လို့မပြောတော့ဘူး ´ ကိုယ်ဘက်တင်းတော့ သူ့ဘက်ကလျော့လာသည်။ `မသိဘူး အပြောနိုင်ဘူးတဲ့´ အော် အချစ်ချစ် မလွယ်ပါလားနော်၊.မပြောရင် စဉ်းစားပေးကွာ လို့ပြောတော့ အဲ့လိုလည်းမစဉ်းစားပေးနိုင်၊ အကြိမ်ကြိမ် ပြောခိုင်းတော့မှ ပြောတော့သည်။ `::::::::;:´
ဒီလိုနဲ့ ကျနော်လည်းရင်ထဲပေါ့သွားပြီ၊ အခုမှ နှစ်ယောက်လုံးစိတ်သက်သာယာရသွားတော့သည်။ ကျနော်တော့ နေတိုင်းပျော်နိုင်ပြီ၊ ကျနော် ပျော်တာ အပေါ်ယံပါ ရင်ထဲမှာတော့ ငိုနေတယ်။ လွင်လွင် က တစ်သက်လုံးမချစ်နိုင်တော့ဘူးလို့ပြောသွားတာကို၊ ကျနော့ဘဝတော့ အချစ်ဦးနဲ့လွဲခဲ့ရပြီ။ သူငယ်ချင်းတို့တော့ အချစ်ဦးနဲ့မလွဲပါစေနဲ့လို့ဆုတောင်းပေးပါတယ်။ ပျော်ရွှင်နိုင်ကြပါစေ။

ထက်ကောင်းကင်(နည်းပညာ)

No comments:
Post a Comment