မင်္ဂလာပါ

ဝင်​​ရောက်​ကြည့်​ရှု့သူအ​ပေါင်း ကို​ယ်​စိတ်​နှစ်​ပါး ​အေးချမ်းကြပါ​စေ.....

Tuesday, August 30, 2016

ကြွေပြားခင်းခြင်း

ကြမ်းခင်းကြွေပြားခင်းတဲ့အခါ
မှတ်စုအတိုအထွာ
************************
ကြွေပြားခင်းတဲ့အခါ
စနစ်တကျဖြစ်ဖို့
သတိထားရမဲ့အချက်တွေရှိတယ်
အထူးသဖြင့်အဆောက်အအုံတွေ Renovation ပြန်လုပ်ရတာဆိုရင်
ခင်းမဲ့နေရာမှာ အရင်လက်ကျန်
Adhesive တွေ ညစ်ပတ်နေတာတွေ ဆီတွေစွန်းပေနေတာတို့ရှိရင်
အရင်သန့်ရှင်းနေအောင်
သန့်စင်ထားသင့်တယ်
ရေပြင်ညီဖြစ်မဖြစ်စစ်မယ်
ချိုင့်ခွက်တွေ အက်ကြောင်းတွေရှိနေရင် ပြန်ဖို့ပေးပြီး
မညီရင်ပြန်ညှိထားပေးသင့်တယ်

အထူးသဖြင်�့ လူတွေအရေးပေါ်
အသုံးပြု နေရမဲ့
မီးဖိုခန်း.ရေချိုးခန်းစသည်တို့
ကြွေးပြားခင်းရာမှာ အရန်ခန်းတွေမရှိရင် တပြင်လုံးဖြန့်ပြီး
စနစ်မဲ့ ခင်းမဲ့အစား
ကြွေပြားအသားမကျသေးခင်
အရေးပေါ်အသုံးပြုရလွယ်ကူ
သွားလာရအဆင်ပြေစေဖို့
တစ်ခြမ်းပဲအရင်စခင်းထားတာပြီး
အသားကျခါမှနောက်တစ်ခြမ်းခင်းတာမျိုး လုပ်သင့်တယ် အဲလိုမျိုးလုပ်တာ
အချိန်ယူပေမဲ့ အဆင်ပြေစေတယ်
ရေရှည်ခိုင်ခံ့စေတယ်
အမြန်အသားကျစေတဲ့
Adhesive ဆိုရင်
Setting ကျတာမြန်တယ်
Adhesive ရဲ့အညွှန်းအတိုင်း
ကိုယ်ခင်းမဲ့နေရာကို အခန်းမှာ centre point ချ Square metre တိုင်းထားပြီးစခင်းမဲ့ကြွေးပြား key tile သတ်မှတ်ပြီးခင်းသင့်တယ်
တံခါးထွက်ပေါက်ဘက်ကျောပေးပြီး backwards အနေအထားအတိုင်း နောက်တဖြေးဖြေးဆုတ်ပြီးခင်းသင့်တယ်.အဲ့ဒါမှ freshly laid ထားတဲ့ အခင်းကို မထိခိုက်စေနိုင်မှာပါ

ကြွေပြားကြားအကွာအဝေး gap တွေညီညာဖြောင့်တန်းအောင်
ကြွေပြားတစ်ခုနဲ့တစ်ခုကြား
Tile spacers
ကော်ချောင်းလေး များကိုမြှပ်ပြီးခင်းနိုင်တယ်
Alignments တွေဖြောင့်မဖြောင့်
အခါအားလျော်စွာစစ်ပြီး
ကြွေပြားခင်းတာ
မျက်နှာပြင်ညီညာမှုရှိမရှိ
ရေချိန်တိုင်းကိရိယာနဲ့စစ်ပေးသင့်တယ်.တကယ်လို့မညီရင် ကြွေပြားခေါက် ရာဘာတူနဲ့ခေါက်ပြီးညှိနိုင်တယ်
အခန်းရဲ့ centre point သိရဖို့
မြေဖြူ နဲ့ဖြစ်ဖြစ် Guide lines ချ
Key tile နေရာချသတ်မှတ် နေရာကိုလေးစိပ်စိပ်
တစ်စိပ်ချင်းမှာ တစ်စိပ်ပြီးတစ်စိပ်
ကျောက်ပြား
ဆိုက်ပြည့်ခင်းနိုင်သလောက်
အတန်းလိုက်ခင်းခင်းသွားရမယ်
အပြည့်မဆန့်တော့တဲ့နေရာကို
ခဏချန်ထားခဲ့မယ်
ပြီးမှ လိုအပ်သလောက်ဖြတ်ပြီး
ထည့်မယ်.နေရာအလယ်ကစပြီး
Key tile ထားစနစ်တကျခင်းတော့
အမြင်မှာလဲညီတယ်.ဘယ်လောက်ဖြတ်ရမလဲဆိုတာ အလွယ်တကူ သိနိုင်တယ်

ရေပုံးနဲ့အဝတ်စ ဒါမှမဟုတ် ဖော့အရန်သင့်ထားပြီး
ကြွေပြားတွေပေါ်ပေကျံနေတဲ့ adhesive တွေကိုရေစိုဖတ်နဲ့သုတ်ပြီး
သန့်ရှင်းပေးသင့်တယ်

ကြွေပြားဆိုက်ပြည့်မဆန့်လို့
ခဏနေရာလွှတ်ခဲ့တဲ့ ဘေးနေရာတွေမဖြည့်ခင်
ကျန်ခင်းခဲ့ပြီးသမျှနေရာတွေက
အသားကျနေသင့်တယ်
ဆိုလိုတာက ကျန်နေရာတွေ fully setting အသားကျပြီးမှ လိုတဲ့ဘေးနေရာတွေလိုက်ဖြည့်တာမျိုးပါ. Adhesive ခြောက်ပြီးအသားကျချိန်က
နာရီပိုင်းကနေ နှစ်ရက်လောက်ထိရှိနိုင်မယ်
ကိုယ်အသုံးပြုတဲ့အမျိုးအစားပေါ်မူတည်မယ်
အဲ့ဒါကြောင့် အမြန်ခြောက်သွေ့စေချင်ရင်
Rapid-set ဖြစ်စေတဲ့ Adhesive ကိုသုံးသင့်တယ်

ဆိုက်ပြည့်မဆန့်တော့လို့လွှတ်ထားခဲ့တဲ့နေရာတွေမှာထည့်ဖို့
ဖြတ်ရမဲ့ကြွေပြားအရွယ်အစား
တိုင်းတာဖို့အလွယ်နည်းက
ဆိုက်ပြည့်တစ်ချပ်ယူပြီး ဖြည့်ရမဲ့နေရာကိုအုပ်ပြီးတိုင်းကြည့်ပြီး marker လိုင်းတားမှတ်ထား
ပြီးတော့ အဲ့ဒီ လိုင်းအတိုင်း
ဖြတ်စက်နဲ့ဖြတ်ချပေါ့
ဖြတ်တဲ့နေရာမှာကိုယ် Gap ထားရမဲ့ Grouting ရဲ့အကွာအဝေးကိုပါထည့်တွက်ပြီးဖြတ်ရမှာပေါ့
ဖြတ်ပြီးရင် အဲ့ဒီဖြည့်မဲ့ဖြတ်စနောက်မှာ Adhesive သုတ်ပြီး ဖြည့်
အကွာအဝေးGap တူအောင်
Tile spacer ထည့်ပြီးဖြည့်
Level ညီအောင် ရာဘာတူနဲ့
ခေါက်ညှိနိုင်တယ်
(ဖြတ်စတွေဟာ
ပျက်စီးရင်အစားထိုးဖို့
နောင်တစ်ချိန်လိုအပ်ချင်လိုအပ်မယ်.စနစ်တကျသိမ်းထားသင့်တယ်)

Adhesive နဲ့ကြွေပြားအသားကျပြီးတွဲသွားပြီဆိုတာနဲ့ ကိုယ့်နေရာအတွက်  ဘယ်လောက်ကုန်နိုင်မလဲ
တွက်ချက်ပြီး
Grouting ခေါ် ကြွေပြားတွေကြားဖြည့်သိပ်ခြင်းစလုပ်နိုင်ပြီ ကြွေပြားကြားတွေ Grouting လုပ်တဲ့အခါ မြှုပ်ထားခဲ့တဲ့ tile spacers များအုပ်တဲ့ထိသိပ်ပေးရမယ်
Grouting လိုင်းတွေသေသပ်လှပဖို့က
အရေးကြီးလို့
အချောသတ်ခြင်း
Grout finishing ကို ကောင်းကောင်းလုပ်ပေးသင့်တယ်
Grout တွေဟိုပေဒီပေမှန်သမျှကို
ရေစိုဝတ်.ဒါမှမဟုတ် ဖော့ကိုရေစွတ်ပြီးသပ်သပ်ရပ်ရပ်
ပြုပြင်ပေးသင့်တယ်
Grouting တွေသပ်ရပ်လှပအောင်ပြင်ပြီး
ပေကျံနေတာတွေသန့်စင်ပြီးရင်
ခင်းထားတဲ့နေရာကို Grouting အသားကျခြောက်သွားတဲ့အထိထားပေးရမယ်.ဘယ်လောက်ကြာမှ အသားကျမလဲက အသုံးပြုတဲ့ Grouting ပေါ်မူတည်မယ်
Grouting ခြောက်သွားပြီးဆိုရင်
အပေအကျံ
အစွန်းအထင်းတွေမရှိအောင်
ကြမ်းခင်းကိုတစ်ခါပြန်သန့်စင်မယ်
အခန်းနံရံနဲ့ကြွေပြားအစွန်းတွေကြားတွေကိုSilicon sealant အကြည်ရောင်ဖြည့်အုပ်ပေးမယ်
Silicon Sealant ဖြည့်တဲ့သဘောက
နံရံနဲ့ကြွေပြားကြား အစိုဓါတ်တွေဖြစ်ပြီး မှိုတွေလိုက်လာပြီးကြွေပြားတွေပျက်စီးကြွတက်မလာစေဖို့ကာကွယ်ပေးတယ်.Grouting လိုင်းကြောင်းတွေပေါ်ကလဲ
Grouting တွေရေရှည်လှပနေဖို့
Seal သုတ်ပေးနိုင်တယ်
အားလုံးပြီးပြီဆိုတာနဲ့
တစ်ရက်လောက်ထားပြီးမှ စနင်းသင့်ပါတယ်

ကြွေပြားခင်းမဲ့နေရာကိုတွက်ချက်ရာမှာ တကယ်လို့များ ကိုယ်ခင်းမဲ့နေရာဟာ.လေးထောင့်စပ်တို့ ထောင့်မှန်စတုဂံတို့ဆိုလွယ်သေးတယ်.မဟုတ်ပဲ odd shapes တွေဖြစ်နေရင် အကောင်းဆုံးနည်းကတော့ စတုရန်းပုံ square metre တွေ
ရနိုင်သမျှခွဲထုတ်တွက်ချက်ပေးသင့်ပါတယ်
တတ်နိုင်သမျှ မဖြတ်တောက်ပစ်ရအောင် မျက်စိပသာဒလဲလှအောင် စဉ်းစားပေးသင့်တယ်
ကြည့်လိုက်တာနဲ့ထင်းကနဲဖြစ်စေတဲ့နေရာတွေမှာ အတတ်နိုင်ဆုံး ဆိုက်ပြည့်တွေထားပြီး သိပ်သတိမထားမိစေတဲ့နေရာတွေမှာ ဖြတ်စတွေထားသင့်တယ်

May Evergreen

#Little Green Forest
(သစ်တောစိမ်းလေး)& Home Sweet Home (သီရိဂေဟာ)

စာဖက်ခြင်း နှင့် ဘဝပုံရိပ်

စာဖတ်ခြင်း နှင့် ဘ၀ပုံရိပ်

တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။

မေး- “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”

ဖြေ - “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့်အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ။ ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ် ၊ ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ ပထွေးကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ၊ ဖဲရိုက်တယ် ၊ ည ညတွေ အိမ် မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ်။ အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲ ခဲ့ကြတယ်။ ခိုး၊ လု ၊ ခါးပိုက်နှိုက် ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့ တာပဲဗျာ”

မေး - “ ခင်ဗျား မှာ အစ်ကို တစ်ယောက် ရှိတယ်လို့ သိရတယ်။ သူကရော ဒုစရိုက်သမားပဲလား “

ဖြေ - “ မဟုတ်ပါဘူး ၊ သူက အခြားမြို့မှာ တက္ကသိုလ် ပါမောက္ခ လုပ်နေပါတယ်။”

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မှတ်တမ်းတင် အရာရှိလည်း စိတ်ဝင်စားသွားပြီး တက္ကသိုလ် ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်း ခဲ့ပါသည်။

မေး - “ ဆရာခင်ဗျာ - အခုလို ပါမောက္ခ ဖြစ်သာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာ ယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ် “

ဖြေ - “ ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့် ပါပဲ ခင်ဗျာ “

မေး - “ ပေထွေးက ဘယ်လို အားပေးကူညီခဲ့လို့လဲ “

ဖြေ - “ အားပေးကူညီတာ မဟုတ်ဘူးဗျ ၊ နှိပ်စက်တာ ၊ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှုးကို ပြောပြီး စာကြည့်တိုက်မှာအိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော် နဲ့ သင့်မယ့် စာအုပ်တွေကို ရွေးပြီး ဖတ်စေတယ်။

စာအုပ်တွေထဲက နေ လောကဓံကို ဘယ်လိုရင်ဆိုင်ရမယ်။ ကိုယ့်ဘ၀ကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီးကြိုးစားလိုက်တာ ခုလိုတက္ကသိုလ် ပါမောက္ခ ဖြစ်လာတာပါပဲ ခင်ဗျာ “

သင်ခန်းစာ -
ပထွေးဆိုး နဲ့ တွေ့တာခြင်း လောကဓံကို ခံရတာခြင်းတူသော်လည်း စိတ်ညစ်လို့ အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ သူနဲ့ စာဖတ်ပြီး အချိန်ကို ကောင်းစွာ အသုံးချတဲ့သူ ဘယ်လောက်ကွာခြားလဲ ဆိုတာထင်ဟပ်ပြီး ၊ စာဖတ်ခြင်းဟာ ဘ၀ အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။

စာဖတ်နည်း သုံးနည်း ၁။ မျက်စိဖြင့် စာဖတ်ခြင်း - စာအုပ်စာပေ နှင့် မြင်မြင်သမျှ ပုံရိပ်များ ၂။ နားဖြင့် ဖတ်ခြင်း - တရားနာခြင်း ၊ ဟောပြောပွဲ များ နားထောင်ခြင်း ၃။ ခြေထောက်ဖြင့် စာဖတ်ခြင်း - ဒေသန္တရ ဗဟုသုတ ရအောင် ခရီးထွက်ခြင်း ၊ လေ့လာခြင်း

Credit to မေတ္တာရှင်ဆရာတော်
#copy-နည်းစနစ်ကျကျအတွေးအခေါ်

Monday, August 29, 2016

ပျော်တာပေါ့ အမေရယ်

ပျော်တာပေါ့ အမေရယ်…

အမေ……
သား ……လေ mid-term မှာgrade တွေ
ွကောင်းခဲ့တယ်။

တစ်လတာရဲ့အသုံးစရိတ်ကိုသားသိပေ
မယ့် တနေ့တာရဲ့ ဝင်ငွေကိုမသိနိုင်
်သေးတာ ခွင့်လွတ်ပါ အမေရယ်။
သူငယ်ချင်းတွေကြားမှာ အမေ့ရဲ့အား
ကြောင့် သား မျက်နှာမငယ်ရပေမယ့်
အမေ့မျက်နှာ ညိုးနွမ်းနွမ်းကို ခိုးခိုးလွမ်း
ကာ အမေ့ဆန္ဒတွေ ဖြည့်ဆည်းပြီး မကြာ
ခင် အမေ့ရင်ခွင် ခနတာမှေးဖို့ သားပြန်
လာခဲ့မယ်။

ဘာတဲ့…အမေ "သား စာကြိုးစားတဲ့" လား အမေမှာတဲ့စကား ရင်မှာထားလို့
သားတွက်ကို သားထက်ပင် ပူနေရလား
အမေရယ်။

အဆင့်မြင့်မြင့်တက္ကသိုလ်ဆိုတဲ့စင်မြင့်ပေါ် အဖြူအပြာ ဝတ်စုံက မကြွားလှအောင် နွမ်းပေမယ့် တူညီစွာနဲ့ သား
အတန်းမှန်မှန်တတ်ခဲ့ပါတယ် အမေ။

တက္ကသိုလ်ဆိုတဲ့ နယ်ပယ်မှာ " တက္က" ဆိုတဲ့ အတတ်ပညာပင်မကပါဘူး  အသိပညာပါ သား ဖွင့်ထွားနေပါပြီ။ အရာအားလုံးက သား ဘဝတွက်ဆိုပေမယ့်လဲ"တက္ကသိုလ်ကျောင်းသားကြီး" ဆိုတဲ့ တုန်ခိုက်တဲ့လေသံနဲ့ ယဲ့တဲ့တဲ့ အပြုံးကို အားကုန်းပြုံးကာ ရပ်တကာ လူတကာ ကြား မော်ကြွားနေတဲ့ အမေကို မသေခင် အနေဆင်ပြေစေဖို့ သား တစ်နှစ်တစ်တန်း ပုံမှန်အောင်ဖို့လိုတယ် အမေ။

"သားရဲ့ကျောင်းကြီးက ခမ်းနားရဲ့လား" ဟုတ်လားအမေ…သားတို့အိမ်လေးထက် အဆပေါင်းများစွာ ခမ်းနားတာပေါ့အမေရယ်။
ဒါပေမယ့် သားတို့တွက် ခနတာ ပညာဆည်းပူးရာ နေရာတခုပါပဲ။ ထာဝရတာ မှီခိုရာ အမေ့အိမ် အမေ့အရိပ်  လိုတော့  မဟုတ်ခဲ့ပါဘူး အမေ။

" သား ပျော်ရဲ့လား" ဟုတ်လား အမေ။
ပျော်တာပေါ့ အမေရယ်…ကျေားသားရင်သား မခွဲခြားတဲ့ ဆရာ/ဆရာမတွေ ရှိရာ ကျောင်းကြီးမှာ အလွှာစုံ နယ်စုံက ပေါက်ဖွား လာကြသူတွေ စုံကြပေမယ့် သူငယ်ချင်းဆိုတဲ့ စည်းဝိုင်းထဲ ရှိတူ မရှိတူ သိတူ မသိတူ တန်တူး နေထိုင်ကြတဲ့ စည်းလေးက မက်မေားစရာပါ အမေ။

အမေ သားတွက် မပူပါနဲ့လေ။ သားလေ တမာ တန်းဆိုတာလဲမသိခဲ့ဘူး။ခရေရိပ်
ဆိုတာလဲ သား မထိုင်ဖူးခဲ့ဘူး။
ဂျော်ကာဝိုင်းဆိုတာလဲ မသိခဲ့သလို ဘီယာဝိုင်းဆိုတာလဲ မထိုင်ဖြစ်ခဲ့ပါဘူး
အမေ။အမေပေးတဲ့ လစဉ်ကြေး သား
ပျော်ရွှင်ရေးတွက် ခနပင်မသုံးရက်ခဲ့
ပါဘူးလေ။

ခုတော့ တဆင့်မြင့်သင်တန်းတက်ရောက်ဖို့ စာသင်နှစ်တနှစ်ကုန်တော့မယ် အမေ။စာဖြေခန်းလဲဝင်ရက်နီးခဲ့ပြီ။မကြာခင် အမေမျှော်တဲ့ သား လူလုံးထွားထွားကြီး အမေ့ဆန္ဒ သားဘဝနဲ့ တထပ်တည်းကျအောင်လုပ်ပြီး အမေရှိ
ရာနယ်မြို့လေးကို မှီရာကား တတ်ခါပါးလို့ အမေ့ရင်ခွင်အပ်ကာ လွမ်းသမျှ ပန်းကာလေ နွမ်းလျှစွာနဲ့ တွဲခိုထားချိန် ဖေးမကာ ပွတ်သပ်ပေးလှည့်ပါ အမေရယ်…။

   အမေချစ်သား
   
                                               ခေတ္တ(TU).

Saturday, August 27, 2016

နှောင်​ရစ်​သူ


နှောင်​ရစ်​သူ

မေတ္တာသက်​ဝင်​ ​​တွေးမိ​​​လေရင်
တွယ်​ရစ်​မိသူ အာရုံစွဲထင်
ငါ့ဘဝရဲ့ ​ဖန်​မိးအိမ်​ရှင်..........​♥

နယ်​​မြေ​တွေခြား အဝေးသွားလို့
မ​တွေ့မမြင်​ လွမ်းရက်​ရှည်​ရင်
ဘယ်​မှာငါက ​ပျော်​နိုင်​​အုံးမည်........​♥

ဖုန်းမ​ပြောအား တာဝန်​များစွာ
သူ့သံ မကြား ​နေ့ရက်​များမှာ
ဘယ်​မှာငါက ​ပျော်​နိုင်​အုံးမည်.......✆

စားချိန်​​သောက်​ချိန်​ ​ပျော်​ပါးချိန်​လည်း
သူကမရှိ ​တမ်းတမိ​တော့
ဘယ်​မှာငါက ​ပျော်​နိုင်​အုံးမည်.......♥

တိုက်​ဆိုင်​မှု​တွေ့ မြင်​​ရောင်​မိ၍
အနာ​ဟောင်း​ပေါ် ဆူးနဲ့​ဖော်​​သော်
ဘယ်​မှာငါက ​ပျော်​နိုင်​အုံးမည်........​➳

ငါ့ရဲ့ ဘယ်​ဘက်​ ချန်​ထားလှပ်​တဲ့
တစ်​​နေရာစာ သူ​မလာ​တော့
ဘယ်​မှာငါ ​ပျော်​နိုင်​အုံးမည်​.........✌

နှောင်​ရစ်​သူနဲ့ အ​ဝေး​နေရာ
သူကအပါ တစ်​ကိုယ်​တည်းပါ
သံ​​ယောဇဉ်​​​တွေ အဆိပ်​တက်​လာ
အ​တွေး​စေရာ ​မေးခွန်းတစ်​ရာ
ငါ့ဦး​နှောက်​လည်း မရှင်းနိုင်​ရှာ
အလွမ်းရက်​​တွေ ဆက်​​နေအုံးမှာ.........✏

      ထက်​​ကောင်းကင်
         (နည်းပညာ)

Thursday, August 25, 2016

Low ohm tester

Low ohm tester ( Meter)

===================
Resistance One ohm အောက်  များ ကိုတိုင်းတာသော instrument ဖြစ်ပါသည်။ milliohm အထိတိုင်းတာနိုင်ပါသည်။ အရေးကြီးသော connection ကောင်းမကောင်း တိုင်းရာတွင် သုံးသည်။
သာမန် လျပ်စစ် digital မီတာ များသည် resistance ကိုတိုင်းတာ နိုင်သော်လည်း mili-ohm များ ကို တိုင်းရာ တွင် သုံး မရပါ ။ တခါတရံ မော်တာ အကြီး များကို တိုင်းတာ ရာတွင် အကြမ်းဖျင်း 0 point ohm  သာတွေ့ရပါသည်။ continuity များ ကို တိုင်းရာ တွင် လဲ တကယ် အစစ်မှန် low resistance ကို မရပေ။
ထို အခါတွင် low resistance ohm meter များကို သုံးပြီးတိုင်းရပါသည်။ ဘာကြောင့်လဲ ဆိုတော့ loose connection သည် လျပ်စစ်တွင် ပြသနာ များစွာ ကို ပေးတတ်ပါသည်။ တခါတရံ Normal meter များ နှင့်တိုင်း လျင် continuity ဖြစ်သည် ဟုထင်ရသော်လည်း တကယ်တွင် မရှိပါ။
Low ohm tester သည် mili ohm အထိ မှန်ကန်အောင်တိုင်းတာနိုင်ပါသည်။ low ohm tester သည် 1.000 အောက်သာ တိုင်းနိုင်ပါသည်။
လက်တွေ့ အားဖြင့် သုံးသော နေရာများ မှာ အဓိ ကအားဖြင့် connection များ မှန် မှန် တွင် သုံးသည်။ ဥပမာ bus bar များ တခုနှင့် တခု bolt and nut များ နှင့် ဆက်သွယ်သည့် အခါ တကယ် connection ရမရ ကို low ohm tester ဖြင့် တိုင်း ရပါသည်။
မော်တာ များ ဂျင်နရေတာ transformer များ ရဲ့ coil  Resistance ကို တိကျစွာ တိုင်းတာနိုင်သည်။
Battery connection bar များ ကိုလည်း တိုင်းတာနိုင်သည်။ welding joint များ ရဲ့ continuity များ ကိုလဲ တိုင်း ပါသည်။
Cable reel များရဲ့  cable resistance ကိုလည်း တိုင်းတာနိုင်ပါသည်။
Breaker, contactor , relay contact များ တကယ် မိမိ ကို တိုင်းတာနိုင်သည်။
အဓိကကတော့ low ohm နေရာ များတွင် continuity ကောင်းမကောင်း တိုင်းတာ ခြင်း ဖြစ်ပါသည်။
ထူးခြားချက်မှာ တိုင်းတာသော probe ( lead )  တွင် connector ၂ ခုစီ ပါရှိပါသည်။ တခုစီတွင် current and voltage probe  ဖြစ်ပြီး ၂ ခုစလုံး ကို ထိမိအောင် ညှပ် ရပါမည်။ current and voltage  ကို တလှည့်စီ inject လုပ် ပြီး တိုင်းတာခြင်း ဖြစ် ပါသည်။ Separate probe နှင့် combined probe ၂ မျိုး ရှိပါသည်။  
Company အမျိုးမျိုး မှထုတ်လုပ်ပါသည်။

KYAW OO
E & I Engineering

Wednesday, August 24, 2016

DC Motor Speed Control

The DC MOTOR SPEED CONTROL circuit is primarily a 555IC based PWM (Pulse Width Modulation) circuit developed to get variable voltage over constant voltage. The method of PWM is explained here. Consider a simple circuit as shown in figure below.

If the button is pressed if the figure, then the motor will start rotating and it will be in motion until the button is pressed. This pressing is continuous and is represented in the first wave of figure. If, for a case, consider button is pressed for 8ms and opened for 2ms over a cycle of 10ms, during this case the motor will not experience the complete 9V battery voltage as the button is pressed only for 8ms, so the RMS terminal voltage across the motor will be around 7V. Due to this reduced RMS voltage the motor will rotate but at a reduced speed. Now the average turn on over a period of 10ms = Turn ON time/ (Turn ON time + Turn OFF time), this is called duty cycle and is of 80% (8/ (8+2)).
In second and third cases the button is pressed even lesser time compared to first case. Because of this, the RMS terminal voltage at the motor terminals gets even decreased further. Due to this reduced voltage the motor speed even decreases further. This decrease in speed with duty cycle continuous to happen until a point, where the motor terminal voltage will not be sufficient to turn the motor.
So by this we can conclude the PWM can be used to vary the motor speed.
Before going further we need to discuss the H-BRIDGE. Now this circuit has mainly two functions, first is to drive a DC motor from low power control signals and the other is to change the direction of rotation of DC motor.

We all know that for a DC motor, to change the direction of rotation, we need to change the polarities of supply voltage of motor. So to change the polarities we use H-bridge.  Now in above figure1 we have fours switches. As shown in figure2, for the motor to rotate A1 and A2 are closed. Because of this, current flows through the motor from right to left, as shown in 2nd part of figure3. For now consider the motor rotates clockwise direction. Now if the switches A1 and A2 are opened, B1 and B2 are closed. The current through the motor flows from left to right as shown in 1st part of figure3. This direction of current flow is opposite to the first one and so we see an opposite potential at motor terminal to the first one, so the motor rotates anti clock wise. This is how an H-BRIDGE works. However low power motors can be driven by a H-BRIDGE IC L293D.
L293D is an H-BRIDGE IC designed for driving low power DC motors and is shown in figure. This IC consists two h-bridges and so it can drive two DC motors. So this IC can be used to drive robot's motors from the signals of microcontroller.

Now as discussed before this IC has ability to change the direction of rotation of DC motor. This is achieved by controlling the voltage levels at INPUT1 and INPUT2. 
So as shown in above figure, for clockwise rotation 2A should be high and 1A should be low. Similarly for anti clockwise 1A should be high and 2A should be low.  
 
Circuit Components

+9v power supply
Small DC motor
555 Timer IC
1K, 100R resistors
L293D IC
100K -220K preset or pot
IN4148 or IN4047 x 2
10nF or 22nF capacitor
Switch

DC Motor speed control

The DC MOTOR SPEED CONTROL circuit is primarily a 555IC based PWM (Pulse Width Modulation) circuit developed to get variable voltage over constant voltage. The method of PWM is explained here. Consider a simple circuit as shown in figure below.

If the button is pressed if the figure, then the motor will start rotating and it will be in motion until the button is pressed. This pressing is continuous and is represented in the first wave of figure. If, for a case, consider button is pressed for 8ms and opened for 2ms over a cycle of 10ms, during this case the motor will not experience the complete 9V battery voltage as the button is pressed only for 8ms, so the RMS terminal voltage across the motor will be around 7V. Due to this reduced RMS voltage the motor will rotate but at a reduced speed. Now the average turn on over a period of 10ms = Turn ON time/ (Turn ON time + Turn OFF time), this is called duty cycle and is of 80% (8/ (8+2)).
In second and third cases the button is pressed even lesser time compared to first case. Because of this, the RMS terminal voltage at the motor terminals gets even decreased further. Due to this reduced voltage the motor speed even decreases further. This decrease in speed with duty cycle continuous to happen until a point, where the motor terminal voltage will not be sufficient to turn the motor.
So by this we can conclude the PWM can be used to vary the motor speed.
Before going further we need to discuss the H-BRIDGE. Now this circuit has mainly two functions, first is to drive a DC motor from low power control signals and the other is to change the direction of rotation of DC motor.

We all know that for a DC motor, to change the direction of rotation, we need to change the polarities of supply voltage of motor. So to change the polarities we use H-bridge.  Now in above figure1 we have fours switches. As shown in figure2, for the motor to rotate A1 and A2 are closed. Because of this, current flows through the motor from right to left, as shown in 2nd part of figure3. For now consider the motor rotates clockwise direction. Now if the switches A1 and A2 are opened, B1 and B2 are closed. The current through the motor flows from left to right as shown in 1st part of figure3. This direction of current flow is opposite to the first one and so we see an opposite potential at motor terminal to the first one, so the motor rotates anti clock wise. This is how an H-BRIDGE works. However low power motors can be driven by a H-BRIDGE IC L293D.
L293D is an H-BRIDGE IC designed for driving low power DC motors and is shown in figure. This IC consists two h-bridges and so it can drive two DC motors. So this IC can be used to drive robot's motors from the signals of microcontroller.

Now as discussed before this IC has ability to change the direction of rotation of DC motor. This is achieved by controlling the voltage levels at INPUT1 and INPUT2. 
So as shown in above figure, for clockwise rotation 2A should be high and 1A should be low. Similarly for anti clockwise 1A should be high and 2A should be low.  
 
Circuit Components

+9v power supply
Small DC motor
555 Timer IC
1K, 100R resistors
L293D IC
100K -220K preset or pot
IN4148 or IN4047 x 2
10nF or 22nF capacitor
Switch

Sunday, August 21, 2016

Capacitor

Capacitor
This article is about the electrical component. For the physical phenomenon, see capacitance. For an overview of various kinds of capacitors, see types of capacitor.
"Capacitive" redirects here. For the term used when referring to touchscreens, see capacitive sensing.
A capacitor (originally known as a condenser) is a passive two-terminal electrical component used to store electrical energy temporarily in an electric field. The forms of practical capacitors vary widely, but all contain at least two electrical conductors (plates) separated by a dielectric (i.e. an insulator that can store energy by becoming polarized). The conductors can be thin films, foils or sintered beads of metal or conductive electrolyte, etc. The nonconducting dielectric acts to increase the capacitor's charge capacity. Materials commonly used as dielectrics include glass, ceramic, plastic film, air, vacuum, paper, mica, and oxide layers. Capacitors are widely used as parts of electrical circuits in many common electrical devices. Unlike a resistor, an ideal capacitor does not dissipate energy. Instead, a capacitor stores energy in the form of an electrostatic field between its plates.
When there is a potential difference across the conductors (e.g., when a capacitor is attached across a battery), an electric field develops across the dielectric, causing positive charge +Q to collect on one plate and negative charge −Q to collect on the other plate. If a battery has been attached to a capacitor for a sufficient amount of time, no current can flow through the capacitor. However, if a time-varying voltage is applied across the leads of the capacitor, a displacement current can flow.
An ideal capacitor is characterized by a single constant value, its capacitance. Capacitance is defined as the ratio of the electric charge Q on each conductor to the potential difference V between them. The SI unit of capacitance is the farad (F), which is equal to one coulomb per volt (1 C/V). Typical capacitance values range from about 1 pF (10−12 F) to about 1 mF (10−3 F).
The larger the surface area of the "plates" (conductors) and the narrower the gap between them, the greater the capacitance is. In practice, the dielectric between the plates passes a small amount of leakage current and also has an electric field strength limit, known as the breakdown voltage. The conductors and leads introduce an undesired inductance and resistance.
Capacitors are widely used in electronic circuits for blocking direct current while allowing alternating current to pass. In analog filter networks, they smooth the output of power supplies. In resonant circuits they tune radios to particular frequencies. In electric power transmission systems, they stabilize voltage and power flow.[1]

Wednesday, August 17, 2016

ကျ​​နော်​နဲ့ အချစ်​ဦး

****ကျ​နော်​နဲ့ အချစ်​ဦး****
ကားဂိတ်​တစ်​ခုတွင်​ ကား​စောင့်​​နေသည်​။ ​အချိန်​ ၁၁ နာရီခန့်​တွင်​ ဖြစ်​သည်​။ ​နေအပူချိန်​ကပြင်းသည်​မို့ လူတိုင်းရဲ့ မျက်​နှာ​လေး​တွေ ​ချွေးစို့​နေ၏။ ကျ​နော်​ နဲ့ ​လင်း​မောင်​ တို့လည်း ကား​စောင့်​​နေရတာ ကြာလာသဖြင့်​ ​ညောင်းလာတာနဲ့ အနားက လက်​ဖက်​ရည်​ဆိုင်​ထဲ ဝင်​ထိုင်​​နေလိုက်​သည်​။ ရာသီဥတုက ပူပြင်း​နေသည်​မို့ အ​အေး သာ မှာ​သောက်​​နေလိုက်​သည်​။ စကားမဆက်​ မိတ်​ဆက်​ရ  ဦးမည်​။ လင်း​မောင်​ ကသူစိမ်းမဟုတ်​၊ ကျ​နော်​ နဲ့ ညီကိုလို ခင်​​သော သူငယ်​ချင်းဖြစ်​သည်​။ အ​အေး​သောက်​​နေ၍ ရင်​ထဲ​အေး​သော်​လည်း အမြင်​မှာ​တော့ပူ​နေသည်​။ ​နေပူပူထဲတွင်​ ကျ​နော့ရင်​ကိုပူ​စေမည့်​ အရာတစ်​ခု ရုတ်​တရက်​ ​ပေါ်လာသည်​။ တစ်​ခြားမဟုတ်​ လင်း​မောင်​ နဲ့တစ်​နယ်​တည်းသူ မိန်းခ​လေးတစ်​​ယောက်​။ လင်း​မောင်​ တစ်​​ယောက်​မြင်​လိုက်​သည်​နှင့်​ ထိုင်​ခုံမှ ထကာ ​ကောင်​မ​လေးဆီ လမ်း​လျှောက်​သွားသည်​။ ကျ​နော်​ထိုင်​လျှက်​ကြည့်​​နေမိသည်​။ သူတို့နှစ်​​ယောက်​ စကား​ပြောရင်​ ဆိုင်​ထဲဝင်​လာသည်​ ။ ကျ​နော်​မျက်​နှာလွှဲ ထားခြင်​​သော်​လည်း လင်း​မောင်​ မျက်​နှာ​ကြောင့်​ အားနားပါးနာ ပြုံပြလိုက်​သည်​။ လင်း​မောင်​ က စကားစသည်​ ။ `သူနာမည်​က နှင်းလွင်​လွင်​တဲ့´ . `သူက​တော့ ပြည့်​ဖြိုး​ကျော်​ တဲ့´။.ကျ​နော်​တို့နှစ်​​ယောက်​ ကိုမိတ်​ဆက်​​ပေးလိုက်​သည်​။ `အင်း...ညီမကို လွင်​လွင်​ လို့ပဲ​ခေါ်ပါ´ "သူငယ်​ချင်း​တွေ ​ခေါ်တဲ့ အတိုင်းပဲ​ပေါ"့၊
သူက စကား​ပြောလာ​တော့ ပြန်​​ပြောဦမှ။.သူ့ကိုသူ ညီမ ဆိုပဲ၊ စိတ်​ထဲ​တွေးမိလိုက်​သည်​။ `ငါ့ကို​တော့ ကိုပြည့်​လို့ပဲ​ခေါ်ပါ´ ။ စကားတိုတိုသာ​ပြောလိုက်​သည်​။ လွင်​လွင်​ မျက်​နှာ မာန ကြီးသည်​ထင်​ရသည်​။ရုပ်​ရည်​က  အသင့်​အတင်​ရှိ​ပေမယ့်​ ကျ​နော့ မျက်​လုံးထဲတွင်​ ​တော်​​တော်​ဆိုး​နေသည်​။ ​နေပူပူ ​ချွေးများ​ကြောင့်​လား​တော့မသိ။.ခဏ အကြာတွင်​ ကားဝင်​လာသည်​နှင့်​ ရင်​ထဲ​ပျော်​သွားသည်​၊ အ​ဆောင်​မြန်​မြန်​​ရောက်​ချင်​၍မဟုတ်​၊ ​ရှေ့ ကအ​ရေထူထူ မာန ထန်​ထန်​ မျက်​နှာ မမြင်​ချင်​၍ သာ ဖြစ်​​လေ​တော့သည်
အ​ဆောင်​ ​ရောက်​ပြီး မကြာဘူး၊ လင်း​မောင်​ မီးစ​မွှေး ​တော့သည်​။ `ဟ..ကိုပြည့်​ မင်း လွင်​လွင်​ ကို သ​ဘောကျ​နေတယ်​မဟုတ်​လား´။ စိတ်​ထဲ ​ထောင်းခနဲ ဖြစ်​သွားသည်​၊ သူငယ်​ချင်းမို့ ပြန်​ထိန်းလိုက်​သည်​၊.ဒါ​ပေမယ့်​ ​လေ သံ​တော့မာသွားသည်​၊.❆`အဲ့လို​ကောင်​မ ကြိုက်​မဲ့အစား ကတုံးတုံးပြီး သင်္ကန်းဆီး လိုက်​မယ်​​နော်​ . မင်းမှတ်​ထား´။ လင်း​မောင်​က ပြုံးဖြဲဖြဲမျက်​နှာနဲ့ `​အေးပါကွာ...​နောက်​မှ ငါ့ဆီက ဖုန်းနံပတ်​​လေး သိချင်​လို့တို့ ဘာတို့ လာမ​ပြောနဲ့​နော်​´ဟု ​ပြောလိုက်​​သေးသည်​။ ဒီလိုနဲ့ လင်း​မောင်​ သူ့အ​ဆောင်​သွားတိုင်း ကျ​နော်​ ပါသွားသဖြင့်​ တစ်စ တစ်​စ နဲ့ ရင်းနှီးလာခဲ့သည်​။ တစ်​နှစ်​​လောက်​ကြာလာ​တော့ ကျ​နော်​တို့ အ​တော်​ပင်​ ရင်းနှီးတဲ့သူငယ်​ချင်း​တွေဖြစ်​လာခဲ့သည်​။ တစ်​ချိန်​က ကျ​နော်​ မမြင်​ချင်​​သော သူ့မျက်​နှာ ဘယ်​အချိန်​က စပြီးကြည့်​လို့ ရသွားတယ်​ ကျ​နော်​ကိုယ်​တိုင်​ပင်​ သတိမထားမိခဲ့။ အခုဆို လင်း​မောင်​ မပါလည်း ကျ​နော်​တစ်​ကိုယ်​တည်းသွားလည်​ဖြစ်​လာသည်​။ ဖုန်းလည်း မကြာခဏ ​ပြောဖြစ်​လာပြီ။ ​မွေး​နေ့ဆု​တောင်း​ပေးတာ​တွေကအစ တစ်​​ယောက်​ခံစားရတာ တစ်​​ယောက်​ကို ရင်​ဖွင့်​တဲ့ အဆင့်​ထိဖြစ်​လာခဲ့တယ်​။သို​ပေမယ့်​ ကျ​နော်​သူ့ကို ညီမ​လေးလိုသာ ခင်တွယ်​ခဲ့တယ်​၊ ဒါ​ပေမယ့်​ သူဘက်​က မူမမှန်​လာ​တော့ပါ။ ကျ​နော့​ပေါ် စိတ်​ဝင်​စားလာခဲ့တယ်​၊ ကျ​နော်​ရိပ်​မိ​ပေမယ့်​ မသိချင်​​ယောင်​​စောင်​ခဲ့တယ်​။ သူစိတ်​​ပြောင်းလာ ကျ​နော်​အပြစ်​မ​ပြောလိုပါ၊ ကျ​နော့ ဘက်​ကဆက်​ဆံတာ သူငယ်​ချင်းထက်​ပို​နေတာ လူတိုင်းသိတယ်​၊ လူငယ်​သဘာဝ တစ်​ခါတစ်​​လေ ​သောက်​မိလို့ မူးလာတိုင်း သီချင်း​တွေ ဆိုပြခဲ့တာမနည်းပါ။ ညီမ​လေးကို ချစ်​တယ်​လို့​တောင်​​ပြောခဲ့ဘူးတယ်​။ ကျ​နော်​ဆိုလိုတာက ကိုယ့်​ညီမလိုချစ်​တာကို​ပြောတာ၊ ဒါ​ပေမယ့်​ ဘယ်​သူစိမ်းမိန်းက​လေးမှ အဲ့လို​မ​တွေးဘူးဆိုတာ ကျ​နော်​မထင်​ခဲ့မိဘူး။ အချစ်​ကို တစ်​ခါမှ မကြုံဘူး​သေးတဲ့ကျ​နော့အတွက်​ ပြင်​မရနိုင်​တဲ့ အမှား​တွေ အစပြိုးလာခဲ့ပါပြီ
     `လွင်​လွင်​´
    `ရှင်​´
     `ညီမ​ကျောင်းပြီးရင်​ ဘာလုပ်​မလဲ´
    ` ဟင်းး အင်းးး..သိ​သေးဘူး အကို´
     `အကိုက​ရော´
      `နိုင်​ငံခြားထွက်​မှာ​လေ ..အဲ့ဒါ​ကြောင့်​ အခုတည်းက ချစ်​သူ​တောင်​မထား​သေးဘူး​လေ ...ပြန်​လာမှပဲရှာ​တော့မယ်​´
လွင်​လွင်​မျက်​နှာ​လေးညှိုးသွားသည်​က ​နွေလည်​​ခေါင်​​ခေါင်​ မှာ တိမ်​မိုးညိုတစ်​ခု ရုတ်​တရက်​ ကျလာသလိုဖြစ်​သွားသည်​။ ကျ​နော်​မသိလိုက်​ပါ ။ ဖြစ်​ချင်​​တော့ ကျ​နော်​နဲ့အတူပါလာတဲ့ ထက်​မြတ်​သိလိုက်​သည်​။ ကျ​နော်​ စကားဆက်​ပြန်​တယ်
  ` လွင်​လွင်​ ညီမလည်း ရည်းစားမထားနဲ့​နော်
ကြားလား၊ ​ကျောင်းပြီးမှာ​အေး​ဆေးရှာစမ်းပါ၊ အကိုက​တော့ စင်္ကာပူ သွားမှာဆို​တော့ ငါးနှစ်​​လောက်​ကြာမှာ၊ ပြန်​လာမှပဲ ချစ်​တဲ့သူကို ဖွင့်​​ပြော​တော့မယ်​ ၊ ဟယ်​ဟယ်​... ​နောက်​တာပါ ချစ်​သူကဘယ်​​နေမှန်း​တောင်​မသိ​သေးဘူးဟ´
ကျ​နော်​ အဲ့​လောက်​ စကား​ပြော​နေ​သော်​လည်း
သူ့ဆီက`အင်းးး ´တစ်​လုံး​တောင်​​ထောက်​ခံ​ဖော်​မရခဲ့ပါ။.ကျ​နော်​နဲ့ အတူပါလာ​တဲ့ ထက်​မြတ်​ က​တော့ သူများ​မွေး​နေ့ အလကားကြိတ်​ရသည်​မို့ ပြုံးစိစိ နဲ့ အားမနားတမ်း တွယ်​​နေ​လေ​တော့သည်​။.ဒီလိုနဲ့ စား​သောက်​ပြီး ခဏ အကြာ ကျ​နော်​တို့ လွင်​လွင်​ကို သူ့အ​ဆောင်​လိုက်​ပို့ပြီး ပြန်​လာခဲ့တယ်​။
သံ​ယောဇဉ်​ ဆိုတဲ့ မမြင်​​တွေ့နိုင်​တဲ့ သံမဏိကြိုးက ကျ​နော်​တို့နှစ်​​ယောက်​ကို ချည်​​နှောင်​လိုက်​​လေ​တော့ ကျ​နော်​တို့ အလွမ်းပင်​လယ်​ပြင်​ထဲ လက်​ပစ်​ ကူးရ​တော့တာ​ပေါ့
ကျ​နော်​ တစ်​​ယောက်​ အ​တော်​ပင်​ ဆိုးရွားခဲသည်​ ဒါကို ကျ​နော်​​နောက်​မှသိလိုက်​ရတယ်​။ ကိုယ်​ချစ်​တာကို​တောင်​ချစ်​မှန်း မသိ။ တစ်​ဖက်​မိန်းခ​လေးက ဖွင့်​​ပြောဖို့ အခွင့်​အ​ရေး​ပေးခဲ့​ပေမယ့်​ မ​ပြောခဲ့။ အလွမ်းပင်​လယ်​ထဲ ကူးခပ်​ရင်း နှလုံးသား ဒဏ်​ရာ ရလာခဲ့တယ်​၊
သူငယ်​ချင်းတိုင်းက မင်းသူ့ကိုချစ်​​နေတာပါလို့ ​ပြောတယ်​။ ကျ​နော်​သူတို့ကို ဆန့်​ကျင်​ခဲ့တာ အကြိမ်​ကြိမ်​ ။နောက်​​တော့ ကျ​နော်​ဖွင့်​​ပြောလိုက်​တယ်​။ ဒါ​ပေမယ့်​ သိပ်​ကို​နောက်​ကျ​နေပြီ။ ​ပေး​နေတုန်းက မယူပဲ မသိချင်​​ယောင်​​ဆောင်​ခဲ့တဲ့ ကျ​နော်​၊ ကမ်းထားတဲ့လက်​ပြန်​သိမ်းမှ နှုတ်​ဆက်​ဖို့ဟန်​ပြင်​သလို ဖြစ်​ခဲ့ပြီ။ သူကသူ့အဆက်​​ဟောင်းဆီ စိတ်​ပြန်​လည်​သွားပြီ။ ကျ​နော်​က​တော့ လမ်း​လျှောက်​ရင်းလမ်း​ပျောက်​တဲ့ အရူးတစ်​​ယောက်​လို ဖြစ်​ခဲ့ပြီ။
ကျ​နော်​ အချိန်​တိုင်းသူ့ကိုပဲသတိရ​နေခဲ့တာ။ ညီမအတွက်​ ဘာမဆို ရင်​ဆိုင်​မယ်​လို့ ​တွေးထားတာ။ အခု​တော့ ကျ​နော့ဘဝ က ​ကျောက်​ခဲ ​ရေညှစ်​ရသလိုဖြစ်​​နေပြီ။ အချိန်​​တွေလည်း ကြာခဲ့ပြီ၊ ကျ​နော်​လည်း​ကျောင်းပြီးဖို့ တစ်​နှစ်​သာလို​တော့သည်​။ နှလုံးသားလည်းရင့်​ကျက်​လာပြီ၊ ဒဏ်​ရာ​တွေနဲ့​ပေါ့။
  အချစ်​မှာ မျက်​စိမရှိဘူး။ ဟုတ်​တယ်​ မရှိမှ​တော့အကန်း​ပေါ့၊ ကန်း​နေရင်​ ဘာမြင်​မှာလည်း၊ အကုန်​ဝင်​တိုက်​ပြီ​ပေါ့။
ကျ​နော်​သူ့ကိုဖွင့်​​ပြောခဲ့ပုံ​လေး ​ပြောပြချင်​သည်​။
ဖုန်း​ခေါ်​လိုက်​တယ်​၊ ဖုန်းကိုက်​လိုက်​သည်​နှင့်​ လွင်​လွင်​ဆီ က အသံ​လေးကြားလိုက်​ရသည်​။ကျ​နော်​ စကားစသည်​။`လွင်​လွင်​ ညီမ အကို​ပြောစရာရှိလို့´
`​ပြော​လေအကို´
`ညီမရယ်​ ကိုယ့်​ကိုကိုယ်​​တော့မသိဘူး သူငယ်​ချင်း​တွေက​တော့ ​ပြော​နေကြပြီ´
`ဘာလဲအကို´
`အကိုက ညီမကိုချစ်​​နေတာတဲ့´
  `ဘာာ!´
  ` အဲ့တာ ညီမဘယ်​လိုထင်​လဲ´
  ကယ်​ဗျာ ၊ ချစ်​ခွင့်​ပန်​ပုံ​လေး က မှတ်​သားစရာ၊ ကိုယ်​ကချစ်​တယ်​မ​ပြောပဲနဲ့ ၊ ကံ​ကောင်းတာ ဖုန်းနဲ့မို့​ပေါ့ ၊ အပြင်​မှာ သာ​ပြောရင်​ သူ့လက်​ဖဝါးနုနု​လေးနဲ့ ကျ​နော့ ပါး မိတ်​ဆက်​ခံရမှာ​သေချာတယ်​။ အဲ့လိုလုပ်​လိုက်​တာ ကျ​နော်​ဖုန်းဆက်​ရင်​မကိုင်​​တော့ဘူး၊  ပို​ကြေကွဲပြီ​ပေါ့၊
   အဲ့လိုနဲ့ ကျ​နော်​ fourth year စတဲ့နှစ်​ပဲ ဖုန်းပြန်​ဆက်​တယ်​ သူလက်​ခံတယ်​၊ ​ပျော်​တာ​ပေါ့
သူစိတ်​ဆိုး​ပြေ​လောက်​ပြီ​ပေါ့ ၊ ဒီလိုနဲ့ ပြန်​ခင်​သွားတယ်​ဆိုပါ​တော့၊ဒါနဲ့ပဲ အရင်​က​သေ​သေချာချာ မ​ပြောခဲ့တာ အခုပြန်​​ပြေမယ်​ဆိုပြီး ​ပြောလိုက်​တယ်​။ ဒီတစ်​ခါ​တော့နည်းစနစ်​မှန်​သွားပြီဗျ၊ ဒါ​ပေမယ့်​ သူက လက်​မခံဘူး၊ မစဉ်းစားချင်​ဘူးတဲ့ မုန်းလည်း​မမုန်း၊ ချစ်​လည်းမချစ်​၊
ကြိုးရှည်​ရှည်​နဲ့ ထိန်းထားတဲ့သ​ဘော ၊ မချစ်​ရင်​ မချစ်​နိုင်​​ကြောင်းငြင်းလို​က်​ပါလား၊ မငြင်းဘူး၊ ဒီအဖြစ်​မျိုး​တော့ ကျ​နော်​လက်​မခံ၊ အပြက်​​မေးမှရ​တော့မယ်​၊ `ညီမ အကို့ကို မချစ်​နိုင်​ဘူးလား ´ `မစဉ်းစား​ပေးဘူးလား၊ မချစ်​ရင်​ မချစ်​နိုင်​​ကြောင်း​ပြောပါ´`အကို့ကို ဒီတစ်​သက်​ မချစ်​နိုင်​ဘူးလို့​ပြောပါ အကိုဘယ်​​တော့မှ ညီမကို ချစ်​လို့မ​ပြော​တော့ဘူး ´ ကိုယ်​ဘက်​တင်း​တော့ သူ့ဘက်​က​လျော့လာသည်​။ `မသိဘူး အ​ပြောနိုင်​ဘူးတဲ့´ ​အော်​ အချစ်​ချစ်​ မလွယ်​ပါလား​နော်​၊.မ​ပြောရင်​ စဉ်းစား​ပေးကွာ လို့​ပြော​တော့ အဲ့လိုလည်းမစဉ်းစား​ပေးနိုင်​၊ အကြိမ်​ကြိမ်​ ​ပြောခိုင်း​တော့မှ ​ပြော​တော့သည်​။ `::::::::;:´
  ဒီလိုနဲ့ ကျ​နော်​လည်းရင်​ထဲ​ပေါ့သွားပြီ၊ အခုမှ နှစ်​​ယောက်​လုံးစိတ်​သက်​သာယာရသွား​တော့သည်​။ ကျ​နော်​​တော့ ​နေတိုင်း​ပျော်​နိုင်​ပြီ၊ ကျ​နော်​ ​ပျော်​တာ အ​ပေါ်ယံပါ ရင်​ထဲမှာ​တော့ ငို​နေတယ်​။ လွင်​လွင်​ က တစ်​သက်​လုံးမချစ်​နိုင်​​တော့ဘူးလို့​ပြောသွားတာကို၊ ကျ​နော့ဘဝ​တော့ အချစ်​ဦးနဲ့လွဲခဲ့ရပြီ။ သူငယ်​ချင်းတို့​တော့ အချစ်​ဦးနဲ့မလွဲပါ​စေနဲ့လို့ဆု​တောင်း​ပေးပါတယ်​။ ​ပျော်​ရွှင်​နိုင်​ကြပါ​စေ။
                   ထက်​​ကောင်းကင်​(နည်းပညာ)

Tuesday, August 16, 2016

Wireless Battery Charger Circuit

Wireless Battery Charger Circuit Principle:
This circuit mainly works on the principle of mutual inductance. Power is transferred from transmitter to the receiver wirelessly based on the principle of “inductive coupling”.
Inductance is the property of the conductor, in which the current flowing in a conductor induces a voltage or electromotive force in it or in another nearby conductor. There are two types inductance. 1) Self inductance, 2)Mutual Inductance.
“Mutual inductance” is the phenomena in which, when a current carrying conductor is placed near another conductor voltage is induced in that conductor. This is because, as the current is flowing in the conductor, a magnetic flux is induced in it. This induced magnetic flux links with another conductor and this flux induces voltage in the second conductor. Thus two conductors are said to be inductively coupled.
Wireless Power Transfer Circuit Diagram:
Wireless Mobile Charger Circuit Diagram
Wireless Mobile Charger Circuit Design: 
Wireless battery charger circuit design is very simple and easy. These circuits require only resistors, capacitors, diodes, Voltage regulator, copper coils and Transformer.
In our Wireless battery charger, we use two circuits. The first circuit is transmitter circuit used to produce voltage wirelessly. The transmitter circuit consists of DC source, oscillator circuit and a transmitter coil. oscillator circuit consists of two n channel MOSFETS  IRF 540 , 4148 diodes. When the DC power is given to the oscillator, current starts flowing through the two coils L1, L2 and drain terminal of the transistor. At the same time some voltage is appeared at the gate terminals of the transistors. One of the transistors is in on state while the other is in off state. Thus voltage at drain of transistor which is in off state raises and it fall through the tank circuit made of 6.8nf capacitors and transmitter coil of 0.674. Thus operating frequency is determined by using formula F=1/[2π√(LC)].
In the second circuit that is receiver circuit consists of receiver coil, rectifier circuit and regulator. When the receiver coil is placed at a distance near the inductor Ac power is induced in the coil. This is rectified by the rectifier circuit and is regulated to DC 5v using 7805 regulator. The rectifier circuit consists of 1n4007 diode and capacitor of 6.8nf. The output of regulator is connected to the battery.
NOTE: Also get an idea about the Battery Level Indicator Project Circuit and its Working
How to operate this Wireless Power Transfer Circuit?
Initially, connect the circuit as shown in the circuit diagram.
Switch on the supply.
Connect the battery charger at the output of the circuit.
Place the receiver coil near the transmitter coil .
You can observe the charging of battery.
Wireless Battery Charger Circuit Advantages:
Usage of separate charger is eliminated.
Phone can be charged anywhere and anytime.
It does not require wire for charging.
Easier than plug into power cable.
Wireless Power Transfer Circuit Applications:
Wireless chargers can be used to charge mobiles, camera batteries, Bluetooth headsets etc.
This can also be used in applications like car battery charger with little modification. Go to Simple Car Battery Charger Circuit post for more information.
This can also be used in medical devices.
Limitations of the Circuit: 
Power is somewhat wasted due to mutual induction.
It will work for very short distances only. If you want to use it for long distances, then the number of inductor turns should be high.
[Also Read:Adjustable timer Circuit With Relay Output]

Sunday, August 14, 2016

Transformer ပတ်​နည်း

ထရန်စဖော်မာ ပတ်နည်း
°°°°°°°°°°°°°°°°°°
     အဝင်အေစီဗို့ အား 110V သာ ရှိသော
အချိန်တွင် အထွက်ဗို့ အား 220V အပြည့်နှင့်
ဝပ် 1000VA . အသုံးပြုနိုင်သော ထရန်စ
ဖော်မာ တစ်လုံးပြုလုပ်ပါ ဟုဆိုလျှင်။
     ကျွန်ုပ်တို့ သိရသည်မှာ…
(1) အဝင်ဗို့ အား 110 V.
(2) အထွက်ဗို့ အား 220 V.
(3) အထွက်ပါဝါ 1000 VA.
ထို့ ကြောင့်
(1) Vp = 110 V
(2) Vo = 220V
(3) Po = 1000 VA
သိရှိပြီးသော Vp, Vo, Po တို့ ကို အခြေခံ၍
အောက်တွင် ဖော်ပြထားသော အဓိက ကျသည့်
ညီမျှခြင်း (7) ခုကို အစဉ်လိုက် တွက်ချက်နိုင်
ပါသည်။
   (1)  n သည် အပတ်ရေအချိုး ဖြစ်ပါသည်
           အပတ်ရေအချိုး လိုချင်လျှင် မူလနန်းခွေ
           ဗို့ အားဖြစ်သော အဝင်ဗို့ ကို အထွက်
           ဗို့ နှင့် စားရသည်။
(2) တဆင့်ခံနန်းခွေဗို့ အား လိုချင်သော
       ကြောင့် အထွက်ဗို့ အားထဲမှ အဝင်ဗို့ ကို
       နှုတ်ရပါသည်။
(3) တဆင့်ခံနန်းခွေ လျှပ်စီးကြောင်း လိုချင်
       သောကြောင့် အထွက်ပါဝါကို အထွက်ဗို့ 
       နှင့် စားရသည်။
(4) မူလနန်းခွေလျှပ်စီးကြောင်း လိုချင်သော
       ကြောင့် တဆင့်ခံနန်းခွေ လျှပ်စီးကြောင်း
       ကို အပတ်ရေအချိုး အပိုင်းကိန်းနှင့်
       မြှောက်ရသည်။
(5) မူလနန်းခွေပါဝါ လိုချင်သောကြောင့်
       တဆင့်ခံနန်းခွေဗို့ နှင့် တဆင့်ခံနန်းခွေ
       လျှပ်စီးကြောင်းတို့  မြှေက်လပ်ဖြစ်သော
       တဆင့်ခံ ပါဝါကို 1.25 နှင့် မြှောက်ရ
       သည်။
(6) အိုင်းယန်းကို့ ၏ ထိပ်ဖြတ်ဧရိယာကို လို
      ချင်သောကြောင့် အဝင်ပါဝါ ၏ နှစ်ထပ်
      ကိန်းရင်းကို 5.58 နှင့် စားရသည်။
      (လက်တွေ့ အသုံးပြုရာတွင် စိတ်ချရစေရန်
      ထိပ်ဖြတ်ဧရိယာကို 1.1  ဖြင့် ထပ်မံ
      မြှောက်ရသေးသည်) ။
      
(7) တစ်ဗို့ အပတ်ရေ လိုချင်သောကြောင့်
      အိုင်းယန်းကိုး ကောင်းလျှင် ကိန်းသေ
      7.5 ကို ထိပ်ဖြတ်ဧရိယာနှင့် စားရသည်။
     ကိန်းဂဏန်းများ အစားသွင်း တွက်ချက်ပုံကို
နောက်အပိုင်းတွင် ဆက်လက်တင်ပြပေးပါ
အုံးမည်။
Credit , original post